ဗီတာမင်အားဆေးတွေကနေ ဘယ်လိုကောင်းကျိုးတွေ ရနိုင်သလဲ

ဗီတာမင်အားဆေးတွေကနေ ဘယ်လိုကောင်းကျိုးတွေ ရနိုင်သလဲ

ဒီစာကိုဖတ်နေတဲ့ ပရိသတ်ကြီးထဲမှာ အားဆေးသောက်ဖူးတဲ့ သူတွေရှိကြမှာပါ။ အားဆေးမှာဘာကောင်းကျိုးတွေရှိလို့ သောက်ရတာလဲဆိုတဲ့ မေးခွန်းကိုအားဆေးသောက်တိုင်းတွေးမိကြမှာပါ။ အားဆေးဆိုတော့ သောက်လိုက်ရင် အားရှိမှာတော့ သေချာတယ်လေ။ ဒီလိုအားရှိစေတဲ့အပြင် အခြားဘာကောင်းကျိုးတွေ အားဆေးကနေရနိုင်သေးလဲ ။ ။

အားဆေးသောက်ခြင်းကြောင့် ရနိုင်တဲ့ အကျိုးကျေးဇူးများ ။ ။

အားအင်တွေကို ဖြည့်စွမ်းပေးပါတယ် – နေ့စဉ်လိုအပ်တဲ့ အာဟာရ တွေကိုလုံလောက်အောင် မရတဲ့အခါ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကိုညီမျှအောင်ထိန်းဖို့အတွက် ကိုယ်ခန္ဓာကလုပ်နေကျထက် ပိုပြီးအလုပ်လုပ်ရတဲ့အခါ ပင်ပန်းနွမ်းနယ်မှုတွေပိုဖြစ်လာပြီးအားနည်းနေတဲ့ ကိုယ်ခန္ဓာဆီအခြားရောဂါပိုးတွေ ဝင်လာနိုင်ပါတယ်။ အားဆေးသောက်ထားတဲ့သူတွေမှာကျတော့ တစ်နေ့တာလိုအပ်တဲ့ အာဟာရတွေအားလုံးကိုအားဆေးကနေအချိုးကျ ရတဲ့အတွက် ကျန်းမာရေးအားနည်းမှာအတွက် စိတ်ပူစရာလုံးဝကိုမလိ်ုတော့ပါဘူး။

စိတ်ကိုကြည်လင်လန်းဆန်စေပါတယ် – အားဆေးထဲမှာ ဦးနှောက်နဲ့အာရုံကြောကိုအားပေးတဲ့ ဗီတာမင်တွေ အစုံပါဝင်တာမို့ မောပန်းနေတဲ့သင့်စိတ်တွေကိုအားဆေးကတစ်ဖန် ပြန်လည်လန်းဆန်းစေမှာအသေအချာပါ။
စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကိုလျှော့ချပေးပါတယ် – ဖြည့်စွက်အားဆေးတွေမှာပါတဲ့ ဗီတာမင် တွေ ( အထူးသဖြင့်) ဗီတာမင် B အုပ်စုနဲ့ ဗီတာမင် C တွေဟာစိတ်ဖိစီးမှုတွေကိုလျှော့ချပေးနိုင်စွမ်းရှိပြီးစိုးရိမ်ပူပန်မှုတွေကိုလည်း လျှော့ချပေးပါတယ်။
မှတ်ဉာဏ်အားကိုကောင်းစေပါတယ် – ဗီတာမင်စုံ  အားဆေးဆိုတော့ ဗီတာမင် B12 လည်းပါမှာကျိန်းသေတာကြောင့် အားဆေးသောက်တဲ့သူတွေရဲ့ ရည်တိုမှတ်ဉာဏ်ကမသောက်တဲ့သူတွေထက် သာမှာတော့ အသေအချာပါ။

ရုပ်ရည်ကို နုပျိုစေပါတယ် – အားဆေးမှာပါဝင်တဲ့ဗီတာမင်တွေရဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကဆဲလ်တွေအသက်ကြီးခြင်းကိုတားဆီးပေးတာကြောင့် သင့်ရဲ့ နုပျိုမှုတွေကိုသူကဆွဲဆန့်ထားပေးမှာပါ။

နှလုံးကိုလည်းကျန်းမာစေပါတယ် – အရည်အသွေးကောင်းတဲ့ ဖြည့်စွက်အားဆေး တွေဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ လေ့လာချက်တွေကဆိုထားပါတယ်။

ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကိုလျှော့ချပေးပါတယ် – အားဆေးတွေမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြောင့် ကင်ဆာရောဂါဖြစ်နိုင်ချေကိုသူကလျှောချ့ပေးဦးမှာပါ။

ဗီတာမင်တွေချို့တဲ့မှာကိုလည်းမပူရတော့ပါဘူး – အားဆေးတစ်လုံးတည်းမှာ ဗီတာမင်နဲ့ သတ္တုဓာတ်အစုံကိုအချိုးကျတွက်ချက်ပြီးထည့်ထားတဲ့အတွက်ကြောင့် အားဆေးသောက်တဲ့သူတိုင်းမှာဗီတာမင်ချို့တဲ့ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးဆိုတာဘယ်တော့မှ ရှိမှာမဟုတ်ပါဘူး။ ။
ကဲဒီလောက်ဆိုဗီတာမင်နဲ့သတ္တုဓာတ်စုံအားဆေးတွေ သောက်ခြင်းကြောင့် ရနိုင်တဲ့ ကောင်းကျိုးတွေ သိပြီးလောက်ပြီလို့ထင်ပါတယ်။ ဒီလိုကောင်းကျိုးအားလုံးကိုရဖို့ဆို  အရည်အသွေးကောင်းပြီးယုံကြည်ရတဲ့အားဆေးကိုသောက်ဖြစ်ဖိုု့ကလည်းအရေးကြီးပါတယ်နော်။ ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021