H1N1 ဖြစ်ပွားသူ ၅၂၀ ရှိလာပြီး သေဆုံးသူ ၉၄ ဦးအထိမြင့်တက်ခဲ့

H1N1 ဖြစ်ပွားသူ ၅၂၀ ရှိလာပြီး သေဆုံးသူ ၉၄ ဦးအထိမြင့်တက်ခဲ့

ရာသီတုပ်ကွေး (H1N1) ဖြစ်ပွားသူ ဦးရေ ၅၂၀ အထိရှိလာပြီး သေဆုံးသူ ၉၄ ဦးအထိ ရှိလာကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သြဂုတ် ၁၃ ရက် ညပိုင်းက သတင်းထုတြ်ပန်ခဲ့သည်။

ယခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ သြဂုတ် ၁၃ ရက်အထိ ရာသီ တုပ်ကွေး(H1N1 ဓာတ်ခွဲစစ်ဆေးသူ ၁၂၅၂ ဦးအနက် တွေ့ရှိသူ ၅၂၀ ရှိကာ ယင်းအနက် ၉၄ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက် များအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရာသီတုပ်ကွေး (H1N1 ) ဖြစ်ပွားမှုသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၄၇ ဦးအထိရှိကာ သေဆုံးသူ ၆၅ ဦးဖြင့် ဖြစ်ပွားမှုအများဆုံးနှင့် သေဆုံးမှု ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်နေကြောင်း သိရသည်။

အခြားသေဆုံးသူများမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၁ ဦး၊ မွန်ပြည်နယ်တွင် သုံးဦး၊ ကချင်ပြည်နယ်တွင် တစ်ဦး၊ ရခိုင်ပြည် နယ်တွင် တစ်ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တစ်ဦး၊ မကွေး တိုင်းဒေသကြီးတွင်နှစ်ဦး၊ ပဲခူးတိုင်းဒေသကြီးတွင်ခုနစ်ဦးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတွင် သုံးဦးတို့ဖြစ်ကြောင်း သိရသည်။

ကျော်လွန်သွားခဲ့

ရာသီတုပ်ကွေးရောဂါဖြင့် ၂၀၁၇ ခုနှစ်အတွင်း သေဆုံးသူ ၃၈ ဦး အထိရှိခဲ့ရာ ယခုနှစ် ရာသီတုပ်ကွေး (H1N1) ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းမှာ ၂၀၁၇ ခုနှစ်ကို များစွာကျော်လွန်သွားခဲ့ပြီဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး