တပ်မတော်ထိုးစစ်များမရပ်တန့်ပါက ပေါ်ပေါက်လာမည့်နောက်ဆက်တွဲဆိုးကျိုးအတွက် တပ်မတော်တွင်တာဝန်ရှိဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ သြဂုတ် ၁၂ ရက်က ထုတ်ပြန်ခဲ့

တပ်မတော်ထိုးစစ်များမရပ်တန့်ပါက ပေါ်ပေါက်လာမည့်နောက်ဆက်တွဲဆိုးကျိုးအတွက် တပ်မတော်တွင်တာဝန်ရှိဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ သြဂုတ် ၁၂ ရက်က ထုတ်ပြန်ခဲ့

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံမြောက် ပိုင်းဒေသများတွင် တပ်မတော်၏ထိုးစစ်ဆင် မှုများကို ရပ်တန့်ပေးရန် အေအေအပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကတောင်းဆိုခဲ့ပြီး မရပ်တန့်ပါက နောက်ဆက်တွဲဆိုးကျိုးများ အတွက် တပ်မတော်တွင်သာတာဝန်ရှိကြောင်း သြဂုတ် ၁၂ ရက်က သဘောထားထုတ်ပြန် ခဲ့သည်။

ပြင်ဦးလွင် တပ်မတော်နည်းပညာ တက္ကသိုလ်အပါအဝင် နေရာငါးနေရာတွင် ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်မီ ၃ ရက် အလို သြဂုတ် ၁၂ ရက်က ထုတ်ပြန်ခဲ့သည့် သဘောထားကြေညာချက်တွင် တပ်မတော်၏ စစ်ရေးလှုပ်ရှားမှု၊ ရခိုင်လူမျိုးများအား ဖမ်း ဆီးနေမှုတို့ကြောင့် တပ်မတော်နှင့် မြောက် ပိုင်းမဟာမိတ် သုံးဖွဲ့အကြား ရရှိထားသော ယုံကြည်မှုများ ယိုယွင်းပျက်စီးကာ ငြိမ်းချမ်း ရေးဖြစ်စဉ်များ ကြန့်ကြာမည်ကို ၎င်းတို့အနေ ဖြင့် စိုးရိမ်ကြောင်း၊ ထို့ကြောင့် မြန်မာပြည် မြောက်ပိုင်းအပါအဝင် ရခိုင်ဒေသကို စစ်ရေး လှုပ်ရှားမှုများ ရပ်တန့်ပေးရန် တောင်းဆို လိုကြောင်း၊ ထိုးစစ်မရပ်ဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေပါက နောက်ဆက်တွဲ ဆိုးကျိုးများရှိကြောင်း ၎င်းတို့သုံးဖွဲ့က ပြော ဆိုသည်။

ဆွေးနွေးမှုကြန့်ကြာ

လက်ရှိအချိန်တွင် မြန်မာ့တပ်မတော်က အဆိုပြုထားသော ပဏာမအပစ်အခတ်ရပ် စဲရေးစာချုပ်(မူကြမ်း)မှာ တစ်ဖက်သတ်ဆန်ပြီး ညှိနှိုင်းရန်ခက်ခဲသော်လည်း ၎င်းတို့ အနေဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာရန် တရုတ်နိုင်ငံနှင့် "ဝ"ဦးဆောင်သော မြောက်ပိုင်း နိုင်ငံရေးအသိုင်းအဝိုင်းမှတစ်ဆင့် ကြိုးပမ်း လျက်ရှိကြောင်း၊ တွေ့ဆုံဆွေးနွေးမည့် နေရာ အခက်အခဲကြောင့် ဆွေးနွေးမှုများကြန့်ကြာ နေခြင်းဖြစ်ကြောင်း ၎င်းတို့၏ သဘောထား ထုတ်ပြန်ချက်အရ သိရသည်။ ရခိုင်ပြည်နယ် အတွင်း စစ်ပွဲများအရှိန်မြှင့်နေပြီး ဒေသခံ လူထု ခြောက်သောင်းကျော် စစ်ဘေးသင့် ခဲ့ကြောင်း သိရသည်။ တပ်မတော်နှင့် အေအေ တို့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ နောက်ပိုင်း တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ထိတွေ့ တိုက်ခိုက်မှုများ ပိုမိုများပြားလာခဲ့ခြင်းဖြစ် သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး