မြောက်ပိုင်းသုံးဖွဲ ့တိုက်ခိုက်မှု အကြမ်းဖက်လုပ်ရပ်ဖြစ်သော်လည်း ငြိမ်းချမ်းရေးတံခါးဖွင့်ထားဆဲဟု ဦးဇော်ဌေး ပြောဆို

မြောက်ပိုင်းသုံးဖွဲ ့တိုက်ခိုက်မှု အကြမ်းဖက်လုပ်ရပ်ဖြစ်သော်လည်း ငြိမ်းချမ်းရေးတံခါးဖွင့်ထားဆဲဟု ဦးဇော်ဌေး ပြောဆို

အေအေ၊ တအာင်းနှင့် ကိုးကန့်တို့၏ သြဂုတ် ၁၅ ရက်က ပြင်ဦးလွင်နှင့် နောင်ချို ဒေသရှိ နေရာငါးခုကိုတိုက်ခိုက်ခဲ့မှုသည် ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်သည့် အကြမ်းဖက်လုပ်ရပ်ဖြစ်သော်လည်း ငြိမ်းချမ်းရေးတံခါးဖွင့်ထားဆဲဖြစ်ကြောင်း နိုင်ငံ တော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သြဂုတ် ၁၆ ရက် ညနေပိုင်းကပြုလုပ် သည့် နိုင်ငံတော်သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

"နိုင်ငံတော်အစိုးရအနေနဲ့ မြောက်ပိုင်းလေးဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေအတွက် ငြိမ်းချမ်းရေးတံခါးကတော့ ဆက်ပြီးဖွင့်ထားပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းကြောင်း လက်ရှိအထိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့နိုင်ငံရေးအဖြေမရနိုင်ပါဘူး။ နိုင်ငံရေးအဖြေ ရဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ငြိမ်း ငြိမ်းချမ်းချမ်းဆွေးနွေးနိုင်ဖို့လိုပါတယ်။ ထပ်မံပြီး ဆွေးနွေးနိုင်ဖို့ ကြားထဲမှာရှိတဲ့ငြိမ်းချမ်းရေး အကျိုးဆောင်တွေကတစ်ဆင့် ကျွန်တော်တို့ လှမ်းပြီး ညှိနှိုင်းနေပါတယ်။ အမြန်ဆုံးတွေ့ဆုံ နိုင်ဖို့ ကျွန်တော်တို့ဘက်က ဖိတ်ခေါ်ပြီးညှိနှိုင်း နေဆဲဖြစ်ပါတယ်"ဟု ဦးဇော်ဌေးက ပြောဆို သည်။

ယခုတိုက်ခိုက်မှုသည် အကြမ်းဖက်လုပ်ရပ် ဖြစ်ပြီး အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက် ခြင်း၊ မူးယစ်ဆေးဝါးစစ်ဆေးရေး ကိရိယာ များကိုဖျက်ဆီးခြင်းတို့သည် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရကလုပ် ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို များစွာထိခိုက်ကြောင်း၊ ပြင်ဦးလွင်တိုးဂိတ် တွင်ထားရှိသည့် မူးယစ်ဆေးဝါးစစ်ဆေးရေး ကိရိယာကိုဖျက်ဆီးခြင်းသည် နိုင်ငံတော် သမ္မတ၏ ဦးစားပေးရည်ရွယ်ချက်ဖြစ်သော မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

"မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား တားဆီးနှိမ်နင်းတိုက်ဖျက်ရေး ဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ကျွန်တော်တို့ ဝယ်ယူတပ်ဆင်ထားတာဖြစ်ပါတယ်။ အဲ့ဒီ နေရာမှာ မေ ၈ ရက်တုန်းကစပြီး တပ်ခဲ့တာ ဖြစ်ပါတယ်။ တပ်ပြီး ဒီနေ့အထိပြန်ကြည့်ရင် စိတြွ်ကဆေးပြား ၈ ဒသမ ၅သန်းသိမ်းဆည်း ရမိခဲ့ပြီးဖြစ်ပါတယ်။ ဒီမူးယစ်ဆေးဝါးတွေ စစ်တဲ့စက်ကို ဘာလို့လက်နက်ကြီးနဲ့ပစ်သလဲ။ ဒါတွေစဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ နောင်ချိုမှာရှိတဲ့ မူးယစ်ရဲတပ်ဖွဲ့စခန်းတွေဝင် တိုက်သွားတာလည်းရှိပါတယ်။ ဆိုလိုတာက မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ထိထိ ရောက်ရောက်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ထိခိုက်အောင် လုပ်တဲ့သဘောလည်း တွေ့နေ ရပါတယ်"ဟု နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆက်လက်ပြောဆို သည်။

ဆုံးရှုံးခဲ့

သြဂုတ် ၁၅ရက်နံနက်ပိုင်းက တပ်မတော် နည်းပညာတက္ကသိုလ်အပါအဝင် နေရာငါး နေရာတိုက်ခိုက်ခံရမှုကြောင့် တပ်မတော်သား ကိုးဦး၊ ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားသုံးဦး တို့သေဆုံးကာ တပ်မတော်သားတစ်ဦး၊ ရဲတပ်ဖွဲ့ ဝင်နှစ်ဦးနှင့် အရပ်သား ၁၀ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဆုံးရှုံးမှု တန်ဖိုး ကျပ် ၂ယ၈၂၁ သိန်းရှိပြီး တပ်မတော် နည်းပညာတက္ကသိုလ်နှင့် ဆုံးရှုံးခဲ့သည့်လက် နက်ခဲယမ်းများ၏ တန်ဖိုးမပါဝင်ကြောင်း ဦးဇော်ဌေးက ရှင်းလင်းပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး