လာလီဂါအဖွင့်ပွဲ ဘာစီလိုနာရှုံးနိမ့်၊ တိုက်စစ်မှူးဆွာရက်ဇ်ဒဏ်ရာရ

လာလီဂါအဖွင့်ပွဲ ဘာစီလိုနာရှုံးနိမ့်၊ တိုက်စစ်မှူးဆွာရက်ဇ်ဒဏ်ရာရ

လာလီဂါလက်ရှိချန်ပီယံ  ဘာစီလိုနာ အသင်းသည် သြဂုတ် ၁၆ ရက်က ရာသီသစ် လာလီဂါအဖွင့်ပွဲအဖြစ် ဘီလ်ဘာအိုကွင်းတွင် သွားရောက်ကစားခဲ့ရာ  တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ အဖွင့်မလှဖြစ်ခဲ့ရသည်။

ဘာစီလိုနာ အဓိကတိုက်စစ်မှူးမက်ဆီမှာ ခြေသလုံးြွကက် သားဒဏ်ရာကြောင့် ဘီလ်ဘာအိုပွဲ လွဲချော် ခဲ့သည်။ ဘာစီလိုနာသည် ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြင့် လာလီဂါအဖွင့်ပွဲတွင် မက်ဆီမပါဘဲ ကစားခဲ့ရသည်။ ဘာစီလိုနာ နည်းပြဗယ်ဘာဒီသည် တိုက်စစ်တွင် ဆွာရက်ဇ်၊ ဂရစ်ဇ်မန်းနှင့် ဒမ်ဘီလီတို့ကိုအသုံးပြုကာ ကစားသမားသစ် ဒီဂျောင်အပါအဝင် အယ်လီ နာနှင့်ရောဘတ်တိုတို့ကို အသုံးပြုခဲ့သည်။

ဘာစီလိုနာသည် တစ်ပွဲလုံးတွင် ဘောလုံး ပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းရရှိအောင် ကစား နိုင်ခဲ့သော်လည်း တိုက်စစ်မှူးများ ဂိုးသွင်းညံ့ ခဲ့သည်။ ဘာစီလိုနာတိုက်စစ်မှူးသစ် ဂရစ်ဇ် မန်းမှာလည်း အကောင်းဆုံးခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပေ။ အကြိတ်အနယ်ယှဉ်ပြိုင်ကစားရင်း ဘီလ်ဘာအိုမှာ  ပွဲချိန် ၈၉ မိနစ်တွင် တစ်လုံး တည်းသောအနိုင်ဂိုးရရှိခဲ့ပြီး အသက် ၃၈ နှစ် အရွယ် ဝါရင့်တိုက်စစ်မှူးအဒူရစ်ဇ်က နောက် ပြန်ကန်ချက်ဖြင့် လှလှပပသွင်းယူပေးခဲ့သည်။

ဘာစီလိုနာအသင်းသည် ၂၀ဝ၈-ဝ၉ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် လာလီဂါအဖွင့်ပွဲတွင် ဂိုးမသွင်းနိုင်ခဲ့ သလို ရှုံးနိမ့်ခဲ့ရသည်။ ဘာစီလိုနာသည် ဘီလ် ဘာအိုပွဲ၌ ဂိုးကံခေခဲ့ပြီး တိုင်ထိဂိုးများလည်း ရှိခဲ့သည်။ ဘာစီလိုနာသည် ၂၀ဝ၃-ဝ၄ ရာသီ နောက်ပိုင်း ဘီလ်ဘာအိုနှင့်ကစားခဲ့ရာ တိုင် ထိဂိုး ၂၉ ကြိမ်ထိရှိခဲ့ကြောင်း သိရသည်။

ဘာစီလိုနာတိုက်စစ်မှူး  ဆွာရက်ဇ်မှာ ညာဘက်ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့၍ ပွဲချိန် ၃၇ မိနစ်တွင် လူစားလဲခြင်းခံခဲ့ရသည်။ ဆွာရက်ဇ်သည် ၂၀၁၄ ခုနှစ်က လီဗာပူးမှ ဘာစီလိုနာသို့ပြောင်းရွှေ့ခဲ့ပြီးနောက် ပထမဆုံး အကြိမ်အဖြစ် လာလီဂါပထမပိုင်းတွင် လူစား လဲခြင်းခံခဲ့ရသည်။ ဘာစီလိုနာသည် လာမည့် တနင်္ဂနွေတွင် ပွဲစဉ်(၂)အဖြစ် ဘက်တစ်နှင့် ကစားရမည်ဖြစ်ပြီး ပွဲစဉ်(၃)တွင် အိုဆာဆူနာ နှင့်တွေ့ဆုံနေသည်။



ဖတ်ရှုမှုအများဆုံး