ဘွန်ဒက်လီဂါချန်ပီယံအသင်း ဘိုင်ယန်မြူးနစ်သည် ဘာစီလိုနာမှ ဘရာဇီးတိုက်စစ်အားသန် ကွင်းလယ်လူ ကော်တင်ဟိုအား တစ်ရာသီအငှားစာချုပ်ဖြင့်ခေါ်ယူ ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။
လီဗာပူးကစားသမားဟောင်းလည်းဖြစ်သူ ကော် တင်ဟိုသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီက လီဗာပူးမှ ဘာစီ လိုနာသို့ ရောက်ရှိခဲ့သူဖြစ်ပြီး အကောင်းဆုံးခြေစွမ်းပြ ကစားရန် ရုန်းကန်ခဲ့ရသည်။ ပရီးမီးယားလိဂ်အသင်းများ၏ ကမ်းလှမ်းမှုများရှိခဲ့သော်လည်း ဘာစီလိုနာမှာ ကော်တင်ဟို အား ဘိုင်ယန်မြူးနစ်အသင်းထံ အငှားချခဲ့ခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်သည် ကော်တင်ဟိုအား တစ်ရာသီ အငှားစာချုပ်အဖြစ် ခေါ်ယူပြီးချိန် စာချုပ်ပြည့်ခဲ့ပါက အပြီးသတ်ခေါ်နိုင်မည်လည်းဖြစ်သည်။ အသက် ၂၇ နှစ် အရွယ် ကော်တင်ဟိုသည် ၂၀၁၈-၁၉ ဘောလုံးရာသီ တွင် ဘာစီလိုနာအသင်းအတွက် လာလီဂါ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ဘိုင်ယန်မြူးနစ်သည် အဓိကတောင်ပံကစားသမားနှစ်ဦး ဖြစ်သော ရီဘာရီနှင့် ရော်ဘင်ကို ဆုံးရှုံးခဲ့ရပြီးနောက် ကော်တင်ဟိုအား ခေါ်ယူနိုင်ခဲ့ခြင်းမှာ အကျိုးရှိခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းအားကစားဒါရိုက်တာ ဆာလီဟာ မစ်ဇစ်က "အသင်းစီအီးအို ရူမင်နစ်ဂီကို ဒီအကြောင်း အတည်ပြုနိုင်ပါတယ်။ ကော်တင်ဟိုကိုခေါ်ယူဖို့ ကစား သမား၊ အေးဂျင့်နဲ့တကွ ဘာစီလိုနာအသင်းနဲ့ ကျွန်တော် တို့ သဘောတူညီမှုရရှိခဲ့ပါတယ်"ဟု ထုတ်ဖော်ပြောဆို ခဲ့သည်။
ဘရာဇီးသားအားကြိုဆိုကြောင်း ဘိုင်ယန်မြူးနစ်တိုက် စစ်မှူး လီဝမ်ဒေါ့စကီးက ပြောဆိုခဲ့သည်။ ဟာသာဘာလင် နှင့် နှစ်ဂိုးစီသရေကျခဲ့သည့်ပွဲအပြီး လီဝမ်ဒေါ့စကီးက "ကော်တင်ဟိုဟာ ကျွန်တော်တို့စစ်စတမ်၊ အိုင်ဒီယာတွေ နဲ့ အထိုင်ကျဖို့ အချိန်အများကြီးယူရမယ်လို့ ကျွန်တော် မထင်ပါဘူး။ သူဟာ ဘာပြဿနာကြီးကြီးမားမားမရှိဘဲ ကျွန်တော်တို့နဲ့ အထိုင်ကျမယ့်ကစားသမားဖြစ်ပါတယ်"ဟု ဆိုခဲ့သည်။















