အေအေ၊ ကိုးကန့်နှင့် တအာင်းတို့သည် ငြိမ်းချမ်းရေးမလိုချင်သည့်မူးယစ်ဆေး ထုတ်လုပ်သူများဟု တပ်မတော်ထုတ်ပြန်

အေအေ၊ ကိုးကန့်နှင့် တအာင်းတို့သည် ငြိမ်းချမ်းရေးမလိုချင်သည့်မူးယစ်ဆေး ထုတ်လုပ်သူများဟု တပ်မတော်ထုတ်ပြန်

အေအေ၊ ကိုးကန့်နှင့် တအာင်းလက်နက်ကိုင်တို့သည် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်သည့်ဆန္ဒမရှိဘဲ တစ်မျိုးသားလုံးလူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသူများဖြစ်ကြောင်း တပ်မတော်က သြဂုတ် ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

သြဂုတ် ၁၅ ရက် နံနက်ပိုင်းက ပြင်ဦးလွင်ရှိတပ်မတော်နည်းပညာတက္ကသိုလ်၊ မူးယစ်ဆေးဝါးစစ်ဆေးသည့်စက်နှင့် နောင်ချိုမြို့နယ်ဂုတ်တွင်းတံတားတို့အပါအဝင် နေရာငါးခုတွင် တိုက်ခိုက်ဖျက်ဆီးမှုများကျူးလွန်ခဲ့သော ထိုသုံးဖွဲ့၏လုပ်ရပ်ကို အကြမ်းဖက်မှုဟု အစိုးရကလည်း ပြောဆိုလိုက်သည်။

ထို့ပြင် ၎င်းတို့သည် မူးယစ်ဆေးဝါးနှင့်ဆက်စပ်၍ယခုကဲ့သို့တိုက်ခိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူကပြောဆိုခဲ့သည်။

အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ခဲ့ခြင်း၏ နောက်ခံအကြောင်းရင်းမှာ တပ်မတော်ကဇူလိုင် ၂၅ ရက်မှ ၂၈ ရက်အထိ ကွတ်ခိုင်မြို့နယ်ရှောက်ဟော်ကျေးရွာအရှေ့တောင်ဘက်မီတာ ၃ဝဝဝ ခန့်အကွာချောင်းဆုံနေရာဝန်းကျင်တစ်ဝိုက်၌ ၎င်းတို့၏ မူးယစ်ဆေးဝါးချက်လုပ်နေသည့်စခန်းများအားရှာဖွေရှင်းလင်းခဲ့ခြင်းကြောင့်ဖြစ်ပြီး ထိုစခန်းများမှ (WY+၈၈)ပန်းရောင်ဆေးပြား ၉ဝဝဝ၊ အိုက်စ်ကီလို ၇၅ဝ၊ (စုစုပေါင်းတန်ဖိုးငွေကျပ် ၁၆ ဘီလီယံကျော်)မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုသည့် ငါးဂါလန်ဆံ့ အက်ဆစ်ပုံး ၂၂၆၂ ပုံး၊ ၁ဝဂါလန်ဆံ့ အက်ဆစ်ပုံး ၃၅၆ ပုံး၊ ၅ဝ ဂါလန်ဆံ့ အက်ဆစ်ပုံး ၁၉၅ ပုံး၊ အက်ဆစ်သံပီပါ၄၇၈ လုံး၊ အက်ဆစ်ပုလင်း ၅၂၈ဝ၊ အိတ်(အညို) (Washing Soda) ၉ဝ၊ အရိုးမီးသွေးအိတ် ၂ဝ၊ အဖြူရောင်အမှုန့်(ဆိုဒီယမ်အိတ်ဇောဒိုက်) ၁၂၂ဝ၊ အဖြူရောင်အမှုန့်(ဆိုဒီယမ်ဆာလဖိတ်) ၅ဝ၊ လူနေတဲများနှင့်မူးယစ်ဆေးဝါးချက်ဆောင်တဲများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဂက်စ်အိုးအရှည် ၁၁၄၄ လုံး၊ မီးဖိုဘွိုင်လာ ၆၉လုံး၊ ဖန်ပေါင်းချောင်/ပေါင်းအိုး ၉၅ လုံး၊ မီးစက်(အကြီး) ခြောက်လုံး၊ ရေခဲသေတ္တာအလုံး ၃ဝ၊ ဒီဖရီဇာခုနစ်လုံး၊အဝတ်လျှော်စက် ၁၁ လုံး၊ အခြောက်ခံစတီးဗန်းချပ်ရေ ၄ဝ၊ စတီးမွှေစက်ရှစ်လုံး၊ ဆေးပြားရိုက်စက်ငါးလုံး၊ ကတ္တားခြောက်ခု၊ စတီးဇလုံ/စတီးဗန်းမျိုးစုံနှင့် ယာဉ်နှစ်စီးအား သိမ်းဆည်းရမိခဲ့သည်။

အေအေအမာခံဖြစ်သည့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် တံခွန်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသာကျော်၏နေအိမ်၌လည်း ၂ဝ၁၉ ခုနှစ် သြဂုတ် ၈ ရက်တွင်ဒဗလျူဝိုင်စာတန်းပါ စိတ်ကြွဆေးပြား ၂ သန်း ၅ သိန်းခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် ၅ ဘီလီယံ)၊ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ အိုင်ကွန် ၅၂ လုံး၊ မိုင်းပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည်။

တပ်မတော်က မူးယစ်ဆေးဝါးစခန်းများနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ခြင်းကြောင့် အေအေ၊ တအာင်းနှင့် ကိုးကန့်အဖွဲ့တို့က ၎င်းတို့၏ အဓိကစီးပွားရေးလုပ်ငန်းကြီးမားစွာထိခိုက်ခဲ့ရခြင်းအပေါ် မကျေနပ်သဖြင့် မူးယစ်ဆေးဝါးချက်လုပ်သည့်စခန်းများအားကာကွယ်ခြင်း၊ နယ်မြေကျော်လွန်ဝင်ရောက်ခြင်း၊ တပ်မတော်၏ အုပ်ချုပ်မှုယာဉ်တန်းများအား တိုက်ခိုက်ခြင်းတို့ကြောင့်သာ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း တပ်မတော်ကထုတ်ပြန်ထားသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး