ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီး အသင်းသည် သြဂုတ် ၁၇ ရက်က ပွဲစဉ်(၂) အဖြစ် စပါးအသင်းအား အိမ်ကွင်းတွင် လက်ခံ ကစားခဲ့ရာ အကြိတ်အနယ်ရှိခဲ့ပြီး ၂ ဂိုးစီ သရေကစားခဲ့သည်။
မန်စီးတီးနည်းပြ ဂွာဒီယို လာနှင့် စပါးနည်းပြပိုချက်တီနိုတို့သည် အဓိက ကစားသမားများကို ပွဲထုတ်ခဲ့ပြီး တိုက်စစ်အား သန် ကစားကွက်ဖြင့် ကစားခဲ့သည်။ မန်စီးတီး တိုက်စစ်ကို အဂူရို၊ စတာလင်းနှင့် ဘာနာဒို ဆေးလ်ဗားတို့ဦးဆောင်ခဲ့သည်။
စပါးတိုက်စစ် ကို ဟယ်ရီကိန်းဦးဆောင်ခဲ့ပြီး အန်ဒွန်ဘယ် လီ၊ အီရစ်ဆန်၊ လာမယ်လာနှင့် ဆစ်ဆိုခိုတို့ ဝင်ကစားခဲ့သည်။ မန်စီးတီးသည် ပွဲချိန်မိနစ် ၂ဝ တွင် စတာလင်း၏သွင်းဂိုးကြောင့် တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။
စပါးသည် ၂၃ မိနစ်တွင် ချေပဂိုးရခဲ့ပြီး လာမယ်လာကသွင်း ယူခဲ့သည်။ အဂူရိုမှာ ပွဲချိန် ၃၅ မိနစ်တွင် ဒုတိယဂိုးသွင်းပေးခဲ့သည်။ စပါးအတွက် ချေပ ဂိုးကို ၅၆ မိနစ်တွင် လူစားဝင်ခဲ့သော လူးကပ်စ် မိုရာက လူစားဝင်ပြီး ၁၉ စက္ကန့်အကြာ၌ သွင်းယူပေးခဲ့သည်။
အကြိတ်အနယ်ကစား ရင်း မန်စီးတီးမှာ ပွဲပြီးလုချိန်တွင် ဂိုးရခဲ့သော် လည်း ဗီဒီယိုအကူဒိုင်လူကြီးစနစ်ကျင့်သုံးခဲ့ ရာ ဂိုးမပေးခဲ့ပေ။ လူစားဝင်တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆက် ဂိုးမသွင်းမီ ကစားဖော် လာပေါ်တီက ဘောလုံးကို လက်ဖြင့်ထိခဲ့၍ မန်စီးတီးအသင်း နစ်နာခဲ့ရသည်။
ဗီဒီယိုအကူဒိုင်လူကြီးစနစ် ဂိုးမပေးခဲ့၍ မန်စီးတီးကစားသမားများမှာ စိတ်ပျက်ခဲ့ကြ သည်။
ဂျီးဆက်က '' တကယ့်ပွဲကောင်းဖြစ်ပြီး အကောင်းဆုံးကစားနိုင်ခဲ့တယ်။ ကံဆိုးချင် တော့ အနိုင်မရခဲ့ဘူး။ လိုနေတဲ့ဂိုးကိုသွင်းသေး တယ်။ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်းပါပဲ'' ဟု ဆိုခဲ့သည်။ မန်စီးတီးကွင်းလယ်လူ ဂန်ဒို ဂန်က ဗီဒီယိုအကူဒိုင်လူကြီးစနစ်ဆုံးဖြတ် ချက်ကို လက်ခံရန်ခက်ခဲကြောင်း ဝေဖန်ခဲ့ သည်။ နည်းပြ ဂွာဒီယိုလာက ''ဆုံးဖြတ်ချက် ကိုလက်ခံရမယ်။ ဒါပေမဲ့ ခက်ခဲတယ်။ ပွဲပြီး ခါနီးဂိုးသွင်းနိုင်ခဲ့ပြီး ဘာမှမဖြစ်ခဲ့ဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော့်ကိုမေးခွန်းမထုတ်နဲ့၊ ဗီဒီယိုအကူဒိုင် လူကြီးစနစ်သုံးတဲ့သူတွေကိုမေးကြည့်ပါ''ဟု ဆိုခဲ့သည်။















