တိုက်ကြီးမြို့နယ်တွင် ကုန်စိမ်းရောင်းချသူ အမျိုးသမီး လယ်ကွင်းရှိရွှံ့အတွင်း ခေါင်းစိုက်သေဆုံးခဲ့မှုကို ရဲတပ်ဖွဲ့က အမှုဖွင့်စုံစမ်းလျက်ရှိသည်။
သြဂုတ် ၁၇ ရက် နံနက် ၆ နာရီခွဲတွင် တိုက်ကြီးမြို့၊ ရှမ်းဂုံညင်းတန်းကျေးရွာနေ ဦးတူးသည် နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ ဦးသာဦး ရောက်လာပြီး ကုန်စိမ်းရောင်းချသည့်ဦးတူး၏တူမဖြစ်သူ ဒေါ်မြင့်မြင့်သန်း(ခ) ရှမ်းမ(၃၆ နှစ်)မှာ လယ်ကွင်းအတွင်း သေဆုံးနေကြောင်း ပြောပြသဖြင့် သွားရောက်ကြည့်ရှုခဲ့ သည်။
တူမဖြစ်သူမှာ တာခွ - ရှမ်းကုန်းလမ်းဘေးနှင့် ၁၀ ပေခန့်အကွာတွင် ခန္ဓာကိုယ်တစောင်းအနေအထား မျက်နှာဖူးယောင်ညိုမဲဒဏ်ရာများရရှိကာ ရွှံ့အတွင်းခေါင်းစိုက်သေဆုံးနေသည်ကိုတွေ့ခဲ့ရသည်။
တိုက်ကြီး မြို့မရဲစခန်းက (ပ)၁၅၂၆/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စုံစမ်းလျက် ရှိသည်။
















