ဘာ့ကြောင့် မျက်ကွင်းတွေညိုနေရတာလဲ 

ဘာ့ကြောင့် မျက်ကွင်းတွေညိုနေရတာလဲ 

မှန်ထဲကြည့်လိုက်တဲ့အချိန် မျက်လုံးအောက်ကမဲမဲအချိုင့်တွေကြော့င် ရှိရင်းစွဲအသက်ထက် ပိုကြီးနေသယောင် ထင်ကြရတယ်ဟုတ်။ သူများတွေကို ကြည့်လိုက်ရင် မျက်လုံးလေးတွေ တောက်တောက် ပြည့်ပြည့်လေးတွေ။ ကိုယ့်ကျမှ ဘော့ကြာင့် မျက်တွင်းချိုင့်ပြီး မျက်ကွင်းညိုနေရတာလဲ။

မျက်ကွင်းညို၊ မျက်တွင်းချိုင့်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

Panda eyes, Raccoon  eyes , eyes rings ဆိုပြီးအမျိုးမျိုးခေါ်ကြတဲ့ မျက်ကွင်းညိုခြင်းကို ဖြစ်စေတဲ ့အကြောင်းအရင်းတွေကတော့

( ၁ ) အိပ်ရေးမဝလို့ပါ

လူတိုင်းသိပါတယ်။ အိပ်ရေးမဝတဲ ့ရက်တွေများလာရင် မျက်ကွင်းညိုတတ်တယ်ဆိုတာကို။ ဒါကမျက်ကွင်းညိုတာ ၊ မျက်တွင်းချိုင့်တာကိုအဓိက ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။ အိပ်ရေးမဝလို့ မျက်ကွင်းညိုတာကိုဖြေရှင်းပေးမယ့် တစ်ခုတည်းသောအဖြေက အိပ်ချိန်လုံလောက်စွာအိပ်စက်ဖို့ ဖြစ်ပါတယ်။ တစ်နေ့ကိုအနည်းဆုံးအိပ်ချိန် ၇ နာရီရှိပါစေ။ အိပ်ခါနီးဖုန်းသုံးတာ ၊ ကဖင်းဓာတ်များတာတွေသောက်တာမျိုးကိုအဓိကရှောင်ကြဉ်ပါ။

( ၂  ) အာဟာရချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်

ဗီတာမင်တွေထဲမှာဆို ဗီတာမင် K ချို့တဲ့တဲ့သူအများစုကမျက်ကွင်းညိုတဲ့ ပြဿနာကိုခံစားရတတ်ပါတယ်။ ဒေါ့ကြာင့် ဗီတာမင် K ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ငါး၊ အသားအမျိုးမျိုးနဲ့ ဥတွေကို မျှတအောင်စားပေးပါ။ ဗီတာမင် Kပါ တဲ့ Eye cream တွေဝယ်သုံးလို့လည်းရပါတယ်။

( ၃ ) ဆေးလိပ် အရက်သောက်တဲ့သူတွေ 

ဆေးလိပ်တို့ အရက်တို့ဆိုတာလူကိုရှိရင်းစွဲ  အသက်ထက်ပိုရင့်သွားစေတဲ ့တရားခံတွေပါ။ ကိုယ့်မှာအစောတည်းက မျက်ကွင်းညိုတဲ့ ပြဿနာရှိရင် ညိုနေတဲ့ မျက်ကွင်းကိုပိုဆိုးသွားစေတတ်တဲ့အပြင် ဘာကောင်းကျိုးမှ မရှိတာကြောင့် ဆေးလိပ် အရက်ကို ဖြတ်ဖို့ ကြိုးစားသ့င်ပါတယ်။

( ၄ ) နှာစေး နှာပိတ်ဖြစ်ခြင်း 

နှာစေး နှာပိတ်တဲ့အခါ sinuses လို့ခေါ်တဲ့ နှာခေါင်းတွင်းပိုင်းရှိ  အခန်းလေးတွေနဲ့ မျက်လုံးကိုသွားတဲ့ သွေးပြန်ကြောတွေ ပိတ်သွားတာကြောင့် မျက်ကွငး်ညိုတဲ့ ပြဿနာတွေ ပိုဖြစ်တတ်ပါတယ်။ ခုလိုမိုးရာသီဆို၊ အမှုန်အမွှားများတဲ့ ဆောင်းတွင်းလိုရာသီတွေမှာဓာတ်မတည့်တဲ့ပြဿာနာတွေ ပိုဆိုးတတ်တာကြောင့် နှာစေးနှာပိတ်ရာကနေမျက်ကွင်းညိုတဲ့ ပြဿနာတွေဖြစ်တတ်ပါတယ်။

( ၅  ) အသက်ကြီးလာခြင်း

အသက်ကြီးလာတဲ့အခါ ရေဓာတ်တွေခမ်းခြောက်လာပြီးအရေပြားတွေ ပါးကုန်တာကြောင့် သွေးကြောတွေ ပိုထင်းလာပြီးမျက်ကွင်းညိုသွားတတ်ပါတယ်။ ဒါကိုသက်သာစေဖို့ဆိုအသက်ကြီးတဲ့သူတွေအတွက်ထုတ်ထားတဲ့ eye cream တွေသုံးပေးလို့ရပါတယ်။

( ၆ ) နေပူထဲအသွားများတဲ့ သူတွေ

နေရောင်ထဲက ခရမ်းလွန်ရောင်ခြည် တွေကအသားအရေတွေကိုမဲစေတယ်ဆိုတော့ အရမး်ကို နုနယ်တဲ ့မျက်လုံးအောက်က  အရေပြားလေးတွေဆိုပိုဆိုးတာပေါ့။ ဒါ့ကြောင့် နေပူထဲသွားတိုင်းနေကာမျက်မှန်ဆောင်သွားဖို့ လိုအပ်ပါတယ်။

( ၇ ) မျိုးရိုးဗီဇကြောင့်ပါ

ကိုယ့်မျိုးရိုးကိုတည်းကမျက်ကွင်းညိုတတ်တဲ့ သူတွေဖြစ်ခဲ့ရင် ကိုယ်မှာလည်းဒီမျိုးရိုးဗီဇပါလာမှာ ဖြစ်ပါတယ်။ ဒီလိုမျိုးရိုးကြောင့် ဖြစ်တာဆိုရင်တော့ ဘာမှလုပ်ဖို့ မတတ်နိုင်ပေမယ့် ညိုနေတဲ့ ကိုယ့်မျက်လုံးလေးတွေကိုကွန်စီလာ(concealer) မိတ်ကပ်နဲ့ ဖုံးကွယ်ပေးလို့တော့ ရပါတယ်။

( ၈) ကိုယ်သောက်နေတဲ့ဆေးတွေ

ကိုယ်ဝန်တားဆေးသောက်ဆေးတွေကသွေးကြောတွေကိုကျယ်စေတဲ ့ အာနိသင်ရှိတာကြောင့် သူတို့ကလည်းမျက်ကွင်းညိုစေတဲ့ တရားခံတွေကတစ်ခုပါ။ လူတိုင်းတော့ မဖြစ်ပေမယ့် သူ့ကြောင့် မျက်ကွင်းညိုတဲ့သူတွေလည်းမနည်းပါဘူး။

ဒါတွေကတော့ မျက်ကွင်းညိုခြင်းကို ဖြစ်စေတဲ ့အကြောင်းအရင်းတွေပါ။ ဒီထဲကတစ်ချို့အကြောင်းအရင်းတွေကိုပြောင်းလဲလို့မရပေမယ့် ဖြစ်နေတဲ့ မျက်ကွင်းညိုတဲ့ ပြဿနာကိုလျော့ပါးအောင် ဖြေရှင်းလို့တော့ရပါတယ်။

•    အိပ်ရေးဝဝအိပ်ပါ။
•    ရေများများသောက်ပါ။
•    အာဟာရ ပြည့်ဝအောင် များများစားပါ။
•    မျက်လုံးတစ်ဝိုက်အတွက် သီးသန့်ထုတ်ထားတဲ ့eye cream တွေ အသုံးပြုပေးပါ။
•    သဘာဝနည်းတွေဆို သခွားသီးကပ်ပေးတာ၊ မျက်လုံးအောက် အားလူးကပ်ပေးတာ၊ လက်ဖက်စိမ်းအိ်တ်လေးတွေ ကပ်ပေးတာမျိုးလုပ်လို့ရပါတယ် ။ ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021