အာဆီယံအမျိုးသမီးချန်ပီယံရှစ် အုပ်စု(ခ)နောက်ဆုံးပွဲစဉ်များကို သြဂုတ် ၂၀ ရက်တွင် ယှဉ်ပြိုင်မည်ဖြစ်ရာ အုပ်စုဗိုလ်အဆုံး အဖြတ်ပွဲစဉ်အဖြစ် မြန်မာနှင့်ဗီယက်နမ် အသင်းတို့သည် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲ၌ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
လိုအပ်
အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲ ဗိုလ်လုပွဲသို့တက်လှမ်းနိုင်ရေးအတွက် မြန်မာ အမျိုးသမီးလက်ရွေးစင်အသင်းသည် အုပ်စု ဗိုလ်ဖြင့် နောက်တစ်ဆင့်တက်ရန် လိုအပ် လျက်ရှိပြီး ဆီမီးဖိုင်နယ်၌ တစ်ဖက်မှ အုပ်စု ဗိုလ်ဖြင့်တက်လာရန် အလားအလာများနေ သည့် ထိုင်းအသင်းကိုရှောင်ရှားရမည်ဖြစ် သည်။ အုပ်စု(က)ပွဲစဉ်များမှာ သြဂုတ် ၂၃ ရက်မှ ပြီးဆုံးမည်ဖြစ်ပြီး ထိုင်းအသင်းမှာ သြဂုတ် ၁၉ ရက်နေ့ပွဲစဉ်များအပြီး ရမှတ် ၆ မှတ်ရရှိထားသည်။
"ကျွန်တော်တို့အသင်းက ဖိုင်နယ်အထိ တက်ဖို့ ရည်မှန်းထားပါတယ်။ ဖိုင်နယ်အထိ တက်ဖို့ဆိုရင် တစ်ဖက်အုပ်စုက အုပ်စုဗိုလ်နဲ့ တက်လာဖို့များတဲ့ ထိုင်းအသင်းကို ဆီမီးဖိုင် နယ်မှာရှောင်ဖို့လိုပါတယ်။ ဒါကြောင့် ဒီနေ့ ကစားမယ့် အုပ်စုဗိုလ်နေရာလုပွဲမှာ ဗီယက် နမ်အသင်းကို အနိုင်ကစားဖို့လိုအပ်ပါတယ်။ အုပ်စုဗိုလ်နဲ့နောက်တစ်ဆင့်တက်ဖို့ အစွမ်း ကုန်ကြိုးစားသွားမှာပါ"ဟု မြန်မာ့လက်ရွေး စင်အမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုး က ပြောဆိုခဲ့သည်။
ဦးဆောင်လျက်ရှိ
မြန်မာနှင့် ဗီယက်နမ်အသင်းတို့သည် အုပ်စုတွင်း ပွဲစဉ်နှစ်ပွဲစီယှဉ်ပြိုင်ပြီးရာတွင် ရမှတ် ၆ မှတ်စီရရှိထားပြီး ဗီယက်နမ်အသင်း က ဂိုးကွာခြားချက်တစ်ဂိုးအသာဖြင့် အုပ်စု ထိပ်ဆုံး၌ ဦးဆောင်လျက်ရှိသည်။ ဗီယက်နမ် အသင်းမှာ မြန်မာအသင်းကို အနိမ့်ဆုံးသရေ ကစားနိုင်ပါက အုပ်စုဗိုလ်ဖြင့် နောက်တစ်ဆင့်သို့တက်လှမ်းနိုင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း သည် ၂၀၁၈ အာဆီယံအမျိုးသမီး ချန်ပီယံ ရှစ်ပြိုင်ပွဲတွင် စတုတ္ထနေရာဖြင့်သာ ကျေနပ် ခဲ့ရပြီး ယခုနှစ်ပြိုင်ပွဲ၌ ဗိုလ်လုပွဲအထိတက်ရန် ရည်မှန်းချက်ထား ကြိုးစားလျက်ရှိသည်။















