ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ဆို့ နေမှု ကျော်လွှားရေး အစိုးရအဆိုပြုချက် လက်နက်ကိုင် ၁၀ ဖွဲ ့ ဆွေးနွေးမည်

ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ဆို့ နေမှု ကျော်လွှားရေး အစိုးရအဆိုပြုချက် လက်နက်ကိုင် ၁၀ ဖွဲ ့ ဆွေးနွေးမည်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရေး တစ်ဆို့နေသည့်ကိစ္စများကို ကျော်လွှားရန် အစိုးရဘက်က အဆိုပြုချက်လေးရပ်အပေါ် အင်န်စီအေ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ယင်းလက်နက်ကိုင်အဖွဲ့အစည်းများက သြဂုတ် ၁၉ ရက်က သတင်းထုတ်ပြန်ထားသည်။

အင်န်စီအေလက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့ပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သြဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ယင်းမတိုင်ခင် သြဂုတ် ၁၉ ရက် မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် အင်န်စီအေ လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ကိုယ်စားလှယ်များတွေ့ဆုံခဲ့ကြပြီး သြဂုတ် ၂၁ ရက်တွင် ကျင်းပမည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ဦးဆောင်အဖွဲ့ အစည်းအဝေး၌ တင်ပြနိုင်ရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက် လက်ဖော်ဆောင်ရေးဆိုင်ရာလုပ်ငန်းစဉ် အဆိုပြုချက်လေးချက်ကို အစိုးရဘက်က ရှင်း လင်းခဲ့ကြောင်း သိရသည်။

အာမခံချက်လိုလား

ငြိမ်းချမ်းရေးတစ်ဆို့မှု ကျော်လွှားရေး အစိုးရဘက်က အဆိုပြုချက် လေးချက်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုခြင်းမရှိသေးပေ။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ယခုနှစ်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံအစည်းအဝေးကျင်းပရန် ဆန္ဒရှိနေကြသည်။ ရွေးကောက်ပွဲမတိုင်ခင် ငြိမ်းချမ်းရေး အတွက် အာမခံချက် တစ်စုံတစ်ရာရရှိရန် တိုင်းရင်းသားများဘက်က လိုလားလျက်ရှိ ကြောင်း ပီပီအက်စ်တီအဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး