သေနတ်မှန်ရွာသားများအား ကယ်ထုတ်ရန်ကြိုးစားသည့် လူမှုကူညီရေးမော်တော်ယာဉ် အချက် ၃၀ ခန့်ပစ်ခတ်ခံရ

သေနတ်မှန်ရွာသားများအား ကယ်ထုတ်ရန်ကြိုးစားသည့် လူမှုကူညီရေးမော်တော်ယာဉ် အချက် ၃၀ ခန့်ပစ်ခတ်ခံရ

တပ်မတော်နှင့် မြောက်ပိုင်းမဟာ မိတ်အမည်ခံ အေအေ၊ တအာင်းနှင့် ကိုးကန့်လက်နက်ကိုင်သုံးဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကွတ်ခိုင် ဖားဖိန်ရွာနှင့် ကုံးစုံရွာရှိ သေနတ်မှန် ထားသော ရွာသားအချို့ကို သွားရောက် ကယ်ဆယ်ရန် အလံဖြူထောင်ကာ သွားရောက်ခဲ့သည့် ကရုဏာလူမှု ကူညီရေးအသင်းကားကို သြဂုတ် ၂၀ ရက်က သေနတ်ဖြင့် အချက် ၃၀ ခန့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

"မူဆယ်ကနေပြီး ၁၂ လောက်ထွက်တယ်၊ ပလောင်ယဉ်ကျေးမှုအဖွဲ့ကနေပြီးတော့ ဖုန်း ဆက်အကူအညီတောင်းတယ်။ လူနာတစ်ယောက်က ခြေထောက်ထိထားတယ်။ လူနာတစ် ယောက်ကျတော့ ခြေထောက်နဲ့လက်နဲ့ ထိထားတယ်တဲ့။ အဲဒါခြေထောက်က အရိုးကို ထိထား တယ်။ ကျည်ဆန်လည်း မထုတ်ရသေးဘူးဖြစ်တဲ့အတွက် အကူအညီတောင်းပါတယ်။ ကျွန်တော် တို့သွားတော့ ခိုမုန်းရွာအထွက်မှာ အတားအဆီးတွေချထားတဲ့အတွက် ကျွန်တော်တို့ ကားရပ် လိုက်တယ်။ ကျွန်တော်တို့ကားမှာလည်း အလံဖြူတွေ တင်ထားပါတယ်။ ရပ်လိုက်တဲ့အခါမှာ လမ်းဘေးကနေလက်နက်ငယ်ကျည် အချက် ၃၀ လောက်ပစ်ခတ်တယ်။ ခြောက်လှန့်ပစ်ခတ် တာလို့ပဲကျွန်တော်တို့ယူဆပါတယ်"ဟု ကရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်း ထွန်းက မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။

ထုတ်မပြောချင်

ထိုကဲ့သို့ပစ်ခတ်သည့် အဖွဲ့အစည်းအမည်ကိုသိရှိသော်လည်း ထုတ်မပြောချင်ကြောင်း၊ တပ်မတော်မှမဟုတ်သည်မှာ သေချာကြောင်း၊ ပစ်ခတ်မှုကြောင့် ကျည်ဆန်မှန်ထားသော လူနာများကို မကယ်ဆယ်နိုင်ခဲ့ဘဲ နောက်ကြောင်းပြန်လှည့်ခဲ့ရာ ပလောင်ယဉ်ကျေးမှုအဖွဲ့၏ ဖုန်းဆက်ပြောဆိုချက်အရ လူနာမှာကျည်ဆန်မထုတ်ရ၍ အပုပ်နံ့ထွက်လာပြီးဖြတ်ပစ်ရမည့် အခြေအနေရောက်သွားပြီဟုသိရကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ဒုက္ခရောက်နေ

"ကျွန်တော်တို့ လူမှုကူညီရေးအသင်းတွေရော ပြည်သူလူထုရော အခုဒုက္ခရောက်နေ ကြပြီ။ အဲ့ဒါ အမြန်ဆုံးငြိမ်းချမ်းရေးရရှိပါစေလို့ ဆုတောင်းပါတယ်။ အားလုံးဒုက္ခရောက် နေကြပါပြီ"ဟု ဦးသောင်းထွန်းက ပြောဆိုသည်။

လွန်ခဲ့သည့် သြဂုတ် ၁၇ ရက်ကလည်း လူမှုကူညီရေးအသင်း ကားတစ်စီးပစ်ခတ်ခံ ခဲ့ရပြီး အသင်းဥက္ကဋ္ဌတစ်ဦး သေဆုံးခဲ့ရသည်။

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး