အိမ်နီးချင်း အိမ်ထောင်ရှင်အမျိုးသားက အရွယ်မရောက်သေးသူကို အဓမ္မပြုကျင့်

အိမ်နီးချင်း အိမ်ထောင်ရှင်အမျိုးသားက အရွယ်မရောက်သေးသူကို အဓမ္မပြုကျင့်

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် အိမ်နီးချင်းဖြစ်သူ အိမ်ထောင်ရှင်အမျိုးသားက အရွယ်မရောက်သေးသူ အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်မှုအား သက်ဆိုင်ရာက သြဂုတ် ၂၀ ရက်တွင် အမှုဖွင့်အရေးယူထားသည်။

အဆိုပါနေ့ နံနက် ၈ နာရီခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၇၀ ရပ်ကွက်နေ ဒေါ်ချိုသည်နေအိမ်၌ရှိနေစဉ် တစ်ရပ်ကွက်တည်းနေ အိမ်နီးချင်း အသက် ၁၂ အရွယ် အမျိုးသမီးငယ်တစ် ဦးရောက်လာပြီး ၄င်းကို အိမ်ဘေးချင်းကပ်နေထိုင်သူ အိမ်ထောင်ရှင်အမျိုးသား ဇော်မိုး (၃၂ နှစ်)က အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြခဲ့သည်။

မေးမြန်းချက်များအရ သြဂုတ်လအတွင်း၌ ဇော်မိုးက အမျိုးသမီးငယ်ကို ခြိမ်းခြောက်ကာ အလိုမတူဘဲ သုံးကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့မရဲစခန်းက (ပ)၃၃၈၈/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ ကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။