ဆိုင်ကယ်စီးလာသူနှစ်ဦးက ရွှေဆွဲကြိုးဖြတ်ယူ မောင်းနှင်ထွက်ပြေး

ဆိုင်ကယ်စီးလာသူနှစ်ဦးက ရွှေဆွဲကြိုးဖြတ်ယူ မောင်းနှင်ထွက်ပြေး

အင်းစိန်မြို့နယ်တွင် ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးက ရွှေဆွဲကြိုးဖြတ်ယူမောင်းနှင်ထွက်ပြေးမှုကို ရဲတပ်ဖွဲ့က သြဂုတ် ၂၀ ရက်တွင် အမှုဖွင့်စုံစမ်းလျက်ရှိသည်။

အဆိုပါနေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက်နေ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးသည် သမီးဖြစ်သူကို ကျောင်းပို့ရန် ဘုရင့်နောင်လမ်းအတိုင်း လျှောက်လာစဉ် အမည်မသိ အသက် ၃၀ အရွယ် ဆိုင်ကယ်စီးနင်းသူ အမျိုးသားနှင့် ဆိုင်ကယ် နောက်တွင် လိုက်ပါစီးနင်းသူ အသက် ၂၀ အရွယ် အမျိုးသားတို့က အနီးသို့ ရောက်လာခဲ့သည်။

ဆိုင်ကယ်နောက်တွင် ထိုင်စီးလာသူ လူငယ်က လမ်းလျှောက်နေသူအမျိုးသမီးဝတ်ဆင်ထားသည့် ရွှေဆွဲသီးပါ ကျပ်သိန်း ၃၀ နီးပါးတန်ဖိုးရှိ ရွှေဆွဲကြိုးကို ဆွဲဖြတ်ယူဆောင်ကာ ပြည်တော်သာလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

အင်းစိန်မြို့မရဲစခန်းက(ပ)၁၉၄၅/၁၉ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ အရ အမှုဖွင့်စုံစမ်းလျက်ရှိသည်။