ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် ကျင်းပလျက်ရှိသည့် (၁၄)ကြိမ်မြောက် ကမ္ဘာ့နဂါးလှေ ချန်ပီယံရှစ်ပြိုင်ပွဲ ပထမနေ့ပွဲစဉ်များယှဉ်ပြိုင်အပြီး တွင် မြန်မာလှေလှော်အသင်းက ရွှေတံဆိပ်နှစ်ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
ပွဲဦးထွက်ရွှေ
ကမ္ဘာ့နဂါးလှေချန်ပီယံရှစ် ပထမနေ့ပွဲစဉ်များကို နံနက်ပိုင်းတွင် နှစ်ပွဲ၊ မွန်းလွဲပိုင်းတွင် သုံးပွဲယှဉ်ပြိုင်ခဲ့ပြီး နံနက်ပိုင်း၌ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်နှစ်ပွဲအနက် ယူ--၂၄ အမျိုးသား၊ အမျိုးသမီးအရော မီတာ ၂၀ဝ၀ ပြိုင်ပွဲ၌ မြန်မာအသင်းက ပွဲဦးထွက်ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ခြင်းဖြစ် သည်။
မြန်မာယူ- -၂၄ လှေအသင်းသည် အဆိုပါပြိုင်ပွဲ၌ ဟောင် ကောင်၊ အင်္ဂလန်၊ သြစတြေးလျ၊ ထိုင်း၊ ကနေဒါအသင်းများနှင့် ယှဉ် ပြိုင်ခဲ့ရပြီး မြန်မာအသင်းက ကိုးမိနစ် ၂၇ ဒသမ ၉၈၀ စက္ကန်ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းနောက်တွင် ကနေဒါအသင်းက ကိုးမိနစ် ၃၂ ဒသမ ၈၄၀ စက္ကန့်ဖြင့် ဒုတိယနေရာမှ ပန်းဝင်ခဲ့ပြီး သြစတြေးလျအသင်းက ကိုးမိနစ် ၅၀ ဒသမ ၂၂၀ စက္ကန့်ဖြင့် တတိယ နေရာမှ ပန်းဝင်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်သုံးပွဲအနက် ယူ--၂၄ အမျိုး သမီး မီတာ ၂၀ဝ၀ ပွဲစဉ်တွင်လည်း မြန်မာအသင်းက ဒုတိယမြောက် ရွှေတံဆိပ်ဆု ထပ်မံဆွတ်ခူးပေးနိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲ၌ မြန်မာ အမျိုးသမီးလှေ အသင်းသည် အီရန်၊ အမေရိကန်၊ သြစတြေးလျ၊ ထိုင်းအသင်းများနှင့် ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းက ၁၀ မိနစ် ၂၈ ဒသမ ၇၉၇ စက္ကန့်ဖြင့် ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။ မြန်မာအသင်း နောက်တွင် အိမ်ရှင်ထိုင်းအသင်းက ၁၀ မိနစ် ၃၁ ဒသမ ၈၅၄ စက္ကန့် ဖြင့် ဒုတိယနေရာမှ ပန်းဝင်ခဲ့ပြီး အမေရိကန်အသင်းက ၁၀ မိနစ် ၅၁ ဒသမ ၂၇၃ စက္ကန့်ဖြင့် တတိယနေရာမှ ပန်းဝင်ခဲ့သည်။
မြန်မာလှေအသင်းများသည် မွန်းလွဲပိုင်းတွင် ယူ--၂၄ အိုးပင်း (အမျိုးသား)မီတာ ၂၀ဝ၀ ပွဲစဉ်နှင့် အမျိုးသမီးအလွတ်တန်း မီတာ ၂၀ဝ၀ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။















