လာမည့်နှစ်၌ ဘောလုံးလောကမှအနားယူရန် ဖြစ်ကောင်းဖြစ်နိုင်ဟု စီရိုနယ်ဒိုဖွင့်ဟ

လာမည့်နှစ်၌ ဘောလုံးလောကမှအနားယူရန် ဖြစ်ကောင်းဖြစ်နိုင်ဟု စီရိုနယ်ဒိုဖွင့်ဟ

ပေါ်တူဂီတိုက်စစ်မှူးစီရိုနယ်ဒိုက လာမည့် နှစ်၌ ဘောလုံးလောကမှ အနားယူရန်မှာ ဖြစ် ကောင်းဖြစ်နိုင်ကြောင်းTVI နှင့်တွေ့ဆုံခဲ့ရာ ၌ ပရိသတ်များအားအသိပေးပြောဆိုခဲ့ သည်။ 

အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးစီရိုနယ် ဒိုသည် ကမ္ဘာ့အကောင်းဆုံးကစားသမားတစ် ဦးအဖြစ် ရပ်တည်နေပြီး အောင်မြင်မှုဆုတံ ဆိပ်များစွာ ပိုင်ဆိုင်ထားသူဖြစ်သည်။ စီရို နယ်ဒိုသည် ပေါ်တူဂီလက်ရွေးစင်အသင်းနှင့် ယူရိုချန်ပီယံဆု ပိုင်ဆိုင်ခဲ့ပြီး မန်ယူ၊ ရီးရဲလ် မက်ဒရစ်အသင်းများ၌လည်း အောင်မြင်ကာ ချန်ပီယံလိဂ်ဆုဖလားနှင့် ပြည်တွင်းလိဂ်ဖလား များ ဆွတ်ခူးနိုင်ခဲ့သည်။

စီရိုနယ်ဒိုသည် ရီး ရဲလ်မက်ဒရစ်အသင်း၏ ထာဝရဂိုးသွင်းအများ ဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ချန်ပီယံလိဂ်ဆု ဖလားကို စံချိန်တင် ၅ ကြိမ်ရရှိထားသည်။

စီရိုနယ်ဒိုသည် စိန်ခေါ်မှုများကိုလိုချင်၍ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး စီးရီ အေချန်ပီယံအသင်းအတွက်လည်း ၄၃ ပွဲ ကစားခဲ့ရာ ၂၈ ဂိုးသွင်းယူပေးခဲ့သည်။ TVI နှင့်တွေ့ဆုံခဲ့ရာ၌ စီရိုနယ်ဒိုက ၎င်း၏ကစား သမားဘဝ အလားအလာနှင့်ပတ်သက်၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။

စီရိုနယ်ဒိုက "လာမယ့်နှစ်ဘောလုံးရာသီ မှာ ကျွန်တော်နားမလားဆိုတာက ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တစ်ခုရှိတာက အသက် ၄၀ ဒါမှမဟုတ် ၄၁ နှစ်အထိလည်း ကျွန်တော် ဘောလုံးကစားလို့ရပါတယ်"ဟု ပြောဆိုခဲ့သည်။ ဆက်လက်၍ စီရိုနယ်ဒိုက ဘောလုံးသမိုင်း၌ ၎င်းထက် စံချိန်မှတ်တမ်းပိုင်ဆိုင်သော ကစား သမားများရှိနေသည်ဟု မထင်ကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်။ စီရိုနယ်ဒိုသည် ဘောလုံးသမိုင်း၌ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီနှင့်ခေတ်ပြိုင်ကစားသမားဖြစ်ပြီး ပရိ သတ်သန်းပေါင်းများစွာရှိနေသည်။

စီရိုနယ်ဒိုက ယခုနှစ်ဘောလုံးရာသီတွင် ချန်ပီယံဆုဖလားဆွတ်ခူးရရှိနိုင်ရန်အတွက် လည်း ကြိုးစားမည်ဟု အစောပိုင်းကတည်းက ပြောဆိုထားသည်။ ဂျူဗင်တပ်စ်သည် လာမည့် သြဂုတ် ၂၄ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲ တွင် ပါးမားကွင်း၌ စီးရီးအေအဖွင့်ပွဲ စတင် ကစားရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး