ဖီအိုရင်တီးနားအသင်းသို့ ၂ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သော အသက် ၃၆ နှစ်အရွယ် ပြင်သစ်တောင်ပံကစားသမားဟောင်း ဖရန့် ရီဘာရီက ပေါ်တူဂီနှင့် ဂျူဗင်တပ်စ်တိုက်စစ် မှူး စီရိုနယ်ဒိုနှင့်ယှဉ်ပြိုင်ရန် စီးရီးအေသို့ ရောက်လာခြင်းမဟုတ်ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။
ရီဘာရီသည် ဘိုင်ယန်မြူးနစ်အသင်း ၌ ၁၂ နှစ်ကြာ ပါဝင်ကစားခဲ့သူဖြစ်ပြီး ချန်ပီ ယံလိဂ်ဖလားအပြင် ဘွန်ဒက်လီဂါချန်ပီယံဆု ကို စံချိန်တင် ၉ ကြိမ်ပိုင်ဆိုင်ခဲ့သူဖြစ်သည်။ ရီဘာရီ၏ ဖီအိုရင်တီးနားကစားသမားဘဝ မိတ်ဆက်ပွဲအခမ်းအနားကို ဖီအိုရင်တီးနား အသင်းပိုင်ကွင်းတွင် ကျင်းပခဲ့ရာ ပရိသတ် ၁၂၀ဝ၀ ဝန်းကျင် တက်ရောက်အားပေးခဲ့ကြ သည်။ ရီဘာရီသည် အသက် ၄၀ အထိ ဘောလုံးကစားရန်လည်း ဆုံးဖြတ်ထားသူဖြစ်သည်။
စီးရီးအေပြိုင်ပွဲတွင် ဘော်လွန်းဒီအော်ဆု ကို ၅ ကြိမ်ပိုင်ဆိုင်ထားသော ပေါ်တူဂီတိုက်စစ် မှူး စီရိုနယ်ဒိုပါဝင်ကစားနေသည်က စီးရီးအေ ပြိုင်ပွဲ အဆင့်အတန်းပိုမြင့်စေသည်။ ယခုအခါ ကစားသမားကောင်းတစ်ဦးအဖြစ်ရပ်တည် ခဲ့သော ရီဘာရီမှာလည်း စီးရီးအေသို့ရောက် လာခဲ့သည်။
ရီဘာရီက ဖီအိုရင်တီးနား အသင်းအား အဆင့် (၃)ဝင်ရန် ကူညီပေး မည်ဖြစ်သည်။
ရီဘာရီက "ကျွန်တော် တကြွ်က နေပါတယ်။ ဘောလုံးအမြဲကစားချင်တဲ့သူပါ။ ဖီအိုရင်တီးနားနဲ့ ၂ နှစ်စာချုပ်ချုပ်ခဲ့တယ်။ လူငယ်ကစားသမားတွေကိုလည်း ကူညီပေး ချင်တယ်။ ကျွန်တော် ဒီကိုရောက်လာတာက ဖီအိုရင်တီးနားမှာကစားရင်း အသင်းကိုကူညီ ဖို့ပါ။ စီရိုနယ်ဒိုရဲ့ပြိုင်ဘက်အဖြစ် ဒီကိုရောက် လာတာမဟုတ်ဘူး။ ကစားသမားကောင်း များစွာနဲ့ စီးရီးအေက ဂရိတ်ပြိုင်ပွဲပါ။ အင်တာ မီလန်ဟာ ဈေးကွက်မှာ ကစားသမားကောင်း တွေကိုခေါ်ထားပြီး ဂျူဗင်တပ်စ်လည်း အတူတူ ပါပဲ"ဟု ဖွင့်ဟပြောဆိုခဲ့သည်။
ဖီအိုရင်တီးနား အားကစားဒါရိုက်တာ ပရာဒီက ရီဘာရီအသင်း ပြောင်းရွှေ့ခဲ့ခြင်းကို အဓိကဆုံးဖြတ်ချက်ချခဲ့သော ပြင်သစ်ကစား သမား၏မဟေသီကို ကျေးဇူးတင်ရှိကြောင်း ဆိုခဲ့သည်။















