မန်စီးတီးကစားသမားဘဝ ပွဲ ၄၀ဝ ပြည့် ဘုန်းမောက်နှင့်ပွဲဆေးလ်ဗားနွှဲမည် အသင်းခေါင်းဆောင် ဒေးဗစ်ဆေးလ်ဗားအား နည်းပြဂွာဒီယိုလာ ချီးကျူး

မန်စီးတီးကစားသမားဘဝ ပွဲ ၄၀ဝ ပြည့် ဘုန်းမောက်နှင့်ပွဲဆေးလ်ဗားနွှဲမည် အသင်းခေါင်းဆောင် ဒေးဗစ်ဆေးလ်ဗားအား နည်းပြဂွာဒီယိုလာ ချီးကျူး

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဘုန်းမောက်နှင့် ပွဲကို မန်စီးတီးကစားသမားဘဝ ပွဲ ၄၀ဝ ပြည့်ကစားမည့် ၃၃နှစ်အရွယ် အသင်းခေါင်းဆောင်ဒေးဗစ်ဆေးလ်ဗားအား ချီးကျူးပြောဆိုမှုပြုလုပ်ခဲ့သည်။

ဒေးဗစ်ဆေးလ်ဗားသည် ၂၀၁၀ ပြည့်နှစ်က ဗလင်စီယာမှ မန်စီးတီးသို့ပြောင်းရွှေ့ ခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းနှင့် အောင်မြင်မှုများစွာရရှိ ခဲ့သည်။

ဒေးဗစ်ဆေးလ်ဗားသည် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၃၉၉ ပွဲကစားခဲ့ရာ ၇၁ ဂိုးသွင်းယူပေးခဲ့ပြီး ဂိုးဖန် တီးမှု ၁၁၄ ကြိမ်ပြုလုပ်ပေးခဲ့သည်။ ဒေးဗစ်ဆေးလ်ဗား သည် ဘုန်းမောက်ပွဲကို မန်စီးတီးကစားသမားဘဝ ပွဲ ၄၀ဝ မြောက်အဖြစ် ပါဝင်ကစားမည်ဖြစ်သည်။

၎င်းသည် စပါးနှင့် နှစ်ဂိုးစီ သရေကျခဲ့သည့်ပွဲ၌လည်း ခြေစွမ်းပြ ကစားနိုင်ခဲ့သည်။ ဒေးဗစ်ဆေးလ်ဗားသည် အင်္ဂလန်၌ခြေ စွမ်းမပြနိုင်ဘဲ ရုန်းကန်ရမည်ဟု နည်းပြဂွာဒီယိုလာက တွေးထင်ခဲ့သည်။

နည်းပြဂွာဒီယိုလာက "ကျွန်တော် ဒေးဗစ်ဆေးလ်ဗား ကို လေးစားမှုရှိပါတယ်။ အခုဆိုရင် သူဟာ မန်စီးတီးကစား သမားဘဝ ပွဲ ၄၀ဝ မြောက်ကစားရတော့မယ်။ ပွဲ ၄၀ဝ ဆိုတာ ဘာကိုပြောချင်သလဲဆိုတော့ နှစ်ပေါင်းများစွာမှာ ကောင်းတဲ့အချိန်တွေလည်းရှိခဲ့သလို ဆိုးရွားတဲ့ကာလတွေ လည်းရှိခဲ့မှာပါ။ သူဟာ မန်စီးတီးအသင်းအတွက် ၁၀ ရာသီနီးပါးလုပ်ပြခဲ့တယ်။ ဒါက အံ့အားသင့်စရာကောင်း ပါတယ်။ သူဟာ အင်္ဂလန်မှာအထိုင်မကျနိုင်ဘူးလို့ လူတွေ က ထင်ခဲ့ကြတယ်။ အဲဒီလူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်။ ပရီးမီးယားလိဂ်မှာ ကာလရှည်ကြာစွာခြေစွမ်းပြ ကစားနိုင်ဖို့က မလွယ်ပါဘူး။ ဒေးဗစ်ဆေးလ်ဗားကတော့ သူ့ရဲ့အရည်အချင်းတွေနဲ့ အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့လုပ်ပြနိုင်စွမ်းအတွက် သူဂုဏ်ယူသင့်ပါတယ်"ဟု ပြောဆိုခဲ့သည်။

ဆေးလ်ဗားသည် မန်စီးတီးအသင်းခေါင်း ဆောင်ဖြစ်ပြီး ယခုနှစ်ကုန်တွင် အသင်းမှထွက်ခွာမည် ဖြစ်သည်။ ဒေးဗစ်ဆေးလ်ဗားသည် မန်စီးတီးကစားဖော် များ၏ ယုံကြည်မှုကိုလည်း အပြည့်အဝရရှိထားသူတစ်ဦး ဖြစ်သည်။

 



ဖတ်ရှုမှုအများဆုံး