ပရီးမီးယားလိဂ်ရာသီအဖွင့် နှစ်ပွဲဆက် တိုက် အနိုင်ရခဲ့သော အာဆင်နယ်အသင်း သည် ပွဲစဉ် (၃) အဖြစ် လီဗာပူးကွင်းတွင် သွားရောက်ကစားခဲ့ရာ သုံးဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့် ခဲ့ပြီး နိုင်ပွဲရပ်တန့်ခဲ့ရသည်။
လီဗာပူးတိုက်စစ် ကို ဆာလက်ချ်၊ မာနေးနှင့် ဖာမီနိုတို့ဦးဆောင် ခဲ့ပြီး ဖာဘင်ဟို၊ ဟန်ဒါဆန်နှင့် ဝစ်နယ်ဒန် တို့ ပါဝင်ခဲ့သည်။ အာဆင်နယ်နည်းပြအမ်မရီ သည် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသော အိုင်ဗရီကို့စ်တောင်ပံတိုက် စစ်မှူးပီပီကို ပွဲထုတ်အသုံးပြုခဲ့ပြီး အော်ဘာ မီယန်လည်း ပါဝင်ခဲ့သည်။
နှစ်သင်းစလုံး သည် တိုက်စစ်အားပြုကစားခဲ့ကြ၍ ပွဲကြည့် ကောင်းခဲ့သည်။ လီဗာပူးသည် ပွဲချိန် ၄၁ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့ပြီး မာတစ်က ထောင့် ကန်ဘောမှတစ်ဆင့် ရရှိလာသည့်အခွင့်အရေး ကို ခေါင်းတိုက်သွင်းကာ ဂိုးရယူခဲ့သည်။
လီဗာ ပူးသည် ပွဲချိန် ၄၉ မိနစ်တွင် ဂိုးထပ်ရခဲ့ပြီး ဆာလက်ချ်က ပင်နယ်တီမှ သွင်းယူခဲ့သည်။ ဆာလက်ချ်သည် ပွဲချိန် ၅၈ မိနစ်တွင် တတိယ ဂိုးထပ်သွင်းခဲ့သည်။ အာဆင်နယ်အတွက် တစ်လုံးတည်းသော ချေပဂိုးကို လူစားဝင် တော်ရဲယားက ပွဲချိန် ၈၅ မိနစ်တွင် သွင်းယူ ပေးခဲ့ခြင်းဖြစ်သည်။
လီဗာပူးကိုရှုံးခဲ့သော်လည်း အာဆင်နယ် နည်းပြအမ်မရီက အသင်းခြေစွမ်းနှင့်ပတ်သက် ၍ အကောင်းမြင်နေသည်။ အာဆင်နယ်တိုက် စစ်မှူးသစ် ပီပီမှာ အသင်းနှင့်အသားကျလာ မည့်အချိန် ခြေစွမ်းပြကစားနိုင်မည်ဟု ယုံကြည် ရပြီး အသက် ၂၀ အရွယ် ကစားသမားဝီလ် လော့မှာလည်း ကွင်းလယ်တွင် ပုံစံကောင်းဖြင့် ကစားနိုင်ခဲ့သည်။
အာဆင်နယ် နည်းပြအမ်မရီက "ကျွန် တော်တို့ပထမပိုင်းမှာ ဂိုးအခွင့်အရေးအချို့ ရခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပင်နယ်တီပေးလိုက် ရတယ်။ နှစ်ဂိုးပြတ်ရှုံးနေခဲ့တာတောင် ကျွန် တော်တို့အသင်းရဲ့ တုံ့ပြန်မှုကကောင်းတယ်။ ကျွန်တော်တို့ တိုက်စစ်ပိုကောင်းဖို့လိုအပ်နေ တာပါ။ သုံးဂိုး တစ်ဂိုးရလဒ်က ကျွန်တော်တို့ အတွက် စိတ်ပျက်စရာပါ။ ဒါပေမဲ့ ကစား သမားအချို့ရဲ့ခြေစွမ်းကြောင့် ဒီအပေါ် အကောင်းမြင်ရမှာပါ"ဟု ပြောဆိုခဲ့သည်။















