ဘွန်ဒက်စ်လီဂါ ရာသီအဖွင့်ပွဲတွင် သရေ သာကစားနိုင်ခဲ့သော လက်ရှိချန်ပီယံ ဘိုင်ယန် မြူးနစ်သည် ပွဲစဉ် (၂)အဖြစ် ရှော်လ်ကေး ကွင်းသို့သွားရောက်ကစားခဲ့ရာ ပိုလန်တိုက် စစ်မှူး လီဝမ်ဒေါ့စကီး၏ ဟက်ထရစ်ဖြင့် သုံး ဂိုးပြတ်အနိုင်ရခဲ့သည်။
ဘိုင်ယန်မြူးနစ်နည်းပြ ကိုဗက်သည် ပွဲထွက်လူစာရင်းတွင် လီဝမ်ဒေါ့ စကီး၊ မူလာ၊ ကိုမန်း၊ တိုလစ်ဆို၊ ပါဗက်ဒ်၊ ဟာနန်ဒက်ဇ်နှင့် ဂိုးသမားနျူအာတို့ကို အသုံး ပြုခဲ့သည်။ ရှော်လ်ကေးအသင်း၌လည်း အဓိက ကစားသမားများ ပါဝင်လာခဲ့သည်။ ဘိုင်ယန် သည် ပွဲချိန် မိနစ် ၂၀ တွင် ဦးဆောင်ဂိုးရခဲ့ ပြီး လီဝမ်ဒေါ့စကီးက သွင်းယူခဲ့သည်။ လီဝမ် ဒေါ့စကီးသည် ရာသီအဖွင့်ပွဲ၌လည်း အသင်း အားကူညီနိုင်ခဲ့သူဖြစ်ပြီး ရှော်လ်ကေးပွဲ၌မူ ဟက်ထရစ်ရသည်အထိ ခြေစွမ်းပြခဲ့သည်။
လီဝမ်ဒေါ့စကီးသည် ဒုတိယပိုင်းပွဲချိန်မိနစ် ၅၀ နှင့် ၇၅ မိနစ်တွင် ဂိုးများထပ်သွင်းပေးခဲ့ ၍ သုံးဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ဘိုင်ယန်မြူး နစ်နည်းပြကိုဗက်သည် ဒုတိယပိုင်းတွင် ကစား သမားသစ်များဖြစ်သော ကော်တင်ဟိုနှင့်ပါရီ ဆစ်တို့ကိုလည်း အသုံးပြုခဲ့သည်။
ဟက်ထရစ် ရရှိခဲ့သော တိုက်စစ်မှူးလီဝမ်ဒေါ့စကီးက ၎င်း အနေဖြင့် ယခုထက်ပိုကောင်းအောင် ကစား နိုင်စွမ်းရှိကြောင်း အခိုင်အမာပြောဆိုခဲ့သည်။
လီဝမ်ဒေါ့စကီးက "ကျွန်တော်အမြဲတမ်း ခြေစွမ်းပြကစားနိုင်ပါတယ်။ အသင်းကိုကူညီ ဖို့ ကြိုးစားနေတဲ့သူပါ။ ကျွန်တော့်အနေနဲ့ ဂိုး တွေသွင်းနိုင်အောင်လည်း အမြဲကြိုးစားပါ တယ်။ ဘွန်ဒက်စ်လီဂါပြိုင်ပွဲက ခက်ခဲပါတယ်။ ကိုယ်ခန္ဓာသိပ်အားစိုက်ရတယ်။ ခင်ဗျားအနေ နဲ့ ရယ်ဒီဖြစ်နေရမယ်"ဟု ပြောဆိုခဲ့သည်။
လီဝမ်ဒေါ့စကီးသည် ဘိုင်ယန်မြူးနစ်နှင့် လာမည့် ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသော်လည်း နောက်ထပ် နှစ်နှစ်သက်တမ်း တိုးရန် သေချာနေသည်။ သက်တမ်းတိုးမည့် ကိစ္စနှင့်ပတ်သက်၍ လီဝမ်ဒေါ့စကီးက စာ ချုပ်သက်တမ်းတိုးရေးမှာ ၉၅ ရာခိုင်နှုန်းပြီး မြောက်နေဟု ရှော်လ်ကေးပွဲအပြီးတွင် ပြော ဆိုခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းနှင့် ကစားခွင့်ရခဲ့ သော ကော်တင်ဟိုက လီဝမ်ဒေါ့စကီးအား ချီးကျူးခဲ့သည်။ လီဝမ်ဒေါ့စကီးမှာ တီဗွီထဲက ထက်ပိုကောင်းသည်ဟု ပြောဆိုခဲ့သည်။ လီဝမ် ဒေါ့စကီးသည် ယခုနှစ်ရာသီ ဘွန်ဒက်စ်လီဂါ နှစ်ပွဲကစားခဲ့ရာ ငါးဂိုးသွင်းယူထားသည်။ ဘိုင်ယန်သည် လာမည့်အပတ်တွင် မိန့်ဇ်နှင့် ဆက်လက်ကစားရမည်ဖြစ်သည်။















