ADHD( Attention deficit hyperactive disorder) ဆိုတဲ့ ပြဿနာအကြောင်းသိတဲ့သူရှိသလိုမသိသေးတဲ့သူတွေလည်းအများကြီးရှိမယ်ထင်ပါတယ်။ ဒီပြဿနာဟာစိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီးကျောင်းနေကလေးအရွယ်တွေမှာတွေ့ရများတတ်ပါတယ်။ ADHD ကိုအလွယ်မှတ်မယ်ဆိုရင်တော့ အတက်ကြွလွန်တဲ့ ပြဿနာ၊ ဂနာမငြိမ်တဲ့ ပြဿနာ၊ တစ်ခုခုကိုသေချာအာရုံမစူးစိုက်နိုင်တဲ့ ပြဿနာလို့ မှတ်လို့လည်းရပါတယ်။
ဒီပြဿနာရှိနေတဲ့ ကလေးက အတက်ကြွလွန်၊ တစ်ချိန်လုံးလှုပ်ရှားနေတဲ့အတွက် ဘေးကကြည့်နေတဲ့ မေမေတို့ကတော့ ငါတို့ သားလေးသမီးလေးက တက်ကြွတယ်၊ ထိုင်းမှိုင်းနေတာမျိုးလည်းမရှိဘူးဆိုပြီးဝမ်းသာနေတတ်ကြပါတယ်။ ADHD ဆိုတာစိတ်ရောဂါ၊ကျန်းမာရေး ပြဿနာတစ်ခုပါ။ ကလေးကအတက်ကြွလွန်တဲ့ ပြဿနာ ADHD ဖြစ်နေတာကိုစိုးရိမ်စရာမရှိဘူးလို့ထင်နေတဲ့ မိဘတွေ ရှိပါလိမ့်မယ်။ ဒီတော့ ADHD နဲ့ ပတ်သက်ပြီးဘယ်လိုတွေ မှားသိနေကြတာလဲ ။
( ၁ )ADHD ဆိုတဲ့ အတက်ကြွလွန်ပြဿနာဟာခေတ်သစ်နည်းပညာတွေကြောင့်ဖြစ်ရတာ။တချို့မိဘတွေ ထင်နေတတ်ကြတာကအတက်ကြွလွန်တဲ့ ပြဿနာဟာတိုးတက်လာတဲ့ ခေတ်ကြီးကြောင့်၊ လူနေမှုပုံစံစားသောက်မှု ပုံစံတွေ ပြောင်းလဲလာတာကြောင့် ဖြစ်ရတာလို့ ထင်နေတတ်ကြပါတယ်။ ဒါပေမယ့် ၁၇၉၈ ခုနှစ်ကတည်းက ADHD ဆိုတဲ့ စိတ်ကျန်းမာရေးပြဿနာကို Dr. Alexander Crichton က တွေ့ရှိခဲ့ပြီး ၁၉၀၂ ခုနှစ်မှာတော့ Dr. George Still က သေချာလေ့လာပြီးနာမည်တွင်မှည့်ခေါ်ခဲ့တာပါ။ဒီတော့ အင်တာနက်တွေ၊ မိုဘိုင်းဖုန်းတွေ ၊ တီဗွီတွေ မပေါ်ခင်ဟိုးရှေးခတ်ကတည်းကဒီအတက်ကြွလွန်ဆိုင်ရာ ပြဿနာ ADHD ရောဂါကရှိနေခဲ့တာပါ။
( ၂ ) လူတွေအကုန်လုံးမှာအတက်ကြွလွန်နေတဲ့ အချိန်တွေ ရှိတတ်တာပဲ။ သူတို့တွေမှာရော ADHD ရှိနေတာလား။မဟုတ်ပါဘူး။ ADHD ပြဿနာခံစားနေရတာဆိုရင် လက္ခဏာ ၆ ခုထက်မနည်းရှိသင့်ပြီးအဲဒီလက္ခဏာတွေကအနည်းဆုံး ၆လလောက်အထိ ဆက်တိုက်ရှိနေရပါမယ်။ အိပ်ရေးဝဝမအိပ်လို့ ကလေးကိုတင်းကျပ်ထားလို့ သေချာမပြုစုလို့ဖြစ်ရတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေနဲ့ဆင်သလိုလိုရှိပေမယ့် တကယ်တော့ မတူပါဘူး။ ADHD က ဦးနှောက်တွင်းကဓာတုပစ္စည်းတွေ မူမမှန်တော့လို့ အာရုံသေချာမစူးစိုက်နိုင်တဲ့ ပြဿနာကိုပြောတာပါ။
( ၃ ) ADHD အတက်ကြွလွန်တဲ့ဝေဒနာခံစားနေရတဲ့ ကလေးတွေက ဉာဏ်ပိုကောင်းကြတယ်။ကလေးကတစ်ချိန်လုံးတက်ကြွနေတယ်ဆိုပြီး ဉာဏ်ကောင်းလိုက်တာလို့ ပြောလို့မရပါဘူး။ သူ့ရဲ့ အဓိက ပြဿနာကိုကတည်းကအတက်ကြွလွန် အာရုံမစူးစိုက်နိုင်တဲ့ ပြဿနာဖြစ်တာကြောင့် ကလေးတွေကစာတွေမှာသေချာအာရုံမစိုက်နိုင်တော့သလိုစိတ်ဝင်စားတာဘာလဲဆိုတဲ့ အရာကိုလည်းသေသေချာချာကွဲကွဲပြားပြားမသိကြတော့ပါဘူး။ ဒီလိုနဲ့ လေ့လာသင်ယူနိုင်စွမ်းတွေ လျော့ကျလာတတ်ပါတယ်။ ဒါပေမယ့် အိုင်ကျူကတော့ ပုံမှန်အတွင်းမှာပဲရှိတာကြောင့် ဉာဏ်ရည်နိမ့်ကျတာမျိုးလည်းမဟုတ်ပါဘူး။
( ၄ ) ADHD ကိုကုသတဲ့ ဆေးတွေကစွဲတတ်တယ်။
ဒါကမှားနေတဲ့ အယူအဆတွေပါ။ အရင်ကဒီလိုမျိုးစွဲတတ်တယ်ဆိုတဲ ့သတင်းတွေ ထွက်ခဲ့ပေမယ့်လည်းခုနောက်ပိုင်း ၂၀၁၇ မှာလေ့လာချက်တွေ အရတော့ ADHD ကိုကုသတဲ့ ဆေးတွေကလုံးဝကိုမစွဲစေတတ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။

















