တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်များ တိုက်ပွဲကိစ္စတွေ့ဆုံဆွေးနွေးရေး လက်နက်ကိုင် ၁၀ ဖွဲ့တိုက်တွန်း

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်များ တိုက်ပွဲကိစ္စတွေ့ဆုံဆွေးနွေးရေး လက်နက်ကိုင် ၁၀ ဖွဲ့တိုက်တွန်း

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်များအကြား တိုက်ပွဲဖြစ်ပွားမှုကိုလျှော့ချပြီး တွေ့ဆုံဆွေးနွေးအဖြေရှာရန် အင်န်စီအေလက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့က သြဂုတ် ၂၅ ရက်က တိုက်တွန်းလိုက်ကြသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ငါးရက်ကြာပြုလုပ်သည့် အင်န်စီအေလက်မှတ်ထိုးထားသည့်လက်နက်ကိုင် ၁၀ ဖွဲ့ ၏ အစည်းအဝေးအပြီးတွင် ယခုကဲ့သို့ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဆွေးနွေးအဖြေရှာ

သြဂုတ် ၁၅ ရက်မှစတင်ကာ ပြင်းထန်လာခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများ နှင့် ၂၀၁၈ နှစ်ကုန်ပိုင်းမှစတင် ဖြစ်ပွားလာခဲ့သော ရခိုင်ပြည်နယ်မှ တိုက်ပွဲများကိုလျှော့ချ ကာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

တစ်ဖက်သတ်ဆန်

အစိုးရနှင့် အေအေ၊ ကိုးကန့်၊ တအာင်းအဖွဲ့တို့ စုပေါင်းထားသော မြောက်ပိုင်းမဟာ မိတ်တို့အကြား ယခုနှစ် ဧပြီ ၃၀ ရက်က မူဆယ်မြို့တွင် တစ်ကြိမ်၊ ဇွန်လကုန်ပိုင်းက မိုင်းလားမြို့၌ တစ်ကြိမ်တွေ့ဆုံဆွေးနွေးမှု များဖြစ်ပေါ်ခဲ့သော်လည်း ပဏာမအပစ်အခတ်ရပ်စဲ ရေးစာချုပ်ချုပ်ဆိုရန် ဝေးကွာနေဆဲဖြစ်သည်။

အစိုးရနှင့် တပ်မတော်ဘက်မှ ပဏာမအပစ်အခတ်ရပ်စဲရေးစာချုပ်အတွက် အဆိုပြုချက်များသည်တစ်ဖက်သတ်ဆန်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဝေဖန်ခဲ့ပြီးနောက် သြဂုတ် ၁၅ ရက်မှစတင်၍ တိုက်ပွဲများပိုမိုပြင်းထန်လာခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး