မိုင်းပျဉ်းမြို့နယ်တွင် ကျောပိုးအိတ် ၃၈ လုံးဖြင့်ထည့်ထားသည့် အိုက်စ် ၇၆၂ ကီလိုကို ရဲတပ်ဖွဲ့က သြဂုတ် ၂၅ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါနေ့ နံနက် ၃ နာရီ မိနစ် ၅၀ တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့ ကျိုင်းတုံ-တောင်ကြီးသွား ကားလမ်း(၁၆)မိုင် လမ်းဆုံအနီး၌ လီဟား(၃၆)နှစ် မောင်းနှင်လာသောToyota hilux vigo ယာဉ်ကို စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာ ယာဉ်နောက်ခန်းတွင် ကျောပိုးအိတ် ၃၈ လုံးဖြင့်ထည့်လျက် အိုက်စ် ၇၆၂ ကီလိုနှင့် ဖုန်းတစ် လုံးတို့ကို ဖမ်းဆီးရမိခဲ့သည်။
ည ၇ နာရီ ၁၅ မိနစ်တွင် ဖမ်းဆီးရမိသူ လီဟားကို နမ့်ခမ်းမြို့မရဲစခန်းသို့လွှဲပြောင်းအပ်နှံခဲ့သည်။ မိုင်းပျဉ်းမြို့မရဲစခန်းက မယ(ပ)၄/၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က) အရ အမှုဖွင့် အရေးယူထားသည်။

















