မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေး H1N1ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ လူပေါင်း ၁၀၂ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများထဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ဒုတိယအများဆုံးပါဝင်နေကြောင်း သိရသည်။
H1N1 ရောဂါဖြစ်ပွားမှုကြောင့် ရန်ကုန် တိုင်းဒေသကြီးတွင် ၆၆ ဦး၊ ဧရာဝတီတိုင်း ဒေသကြီး၌ ၁၃ ဦးနှင့် ပဲခူးတိုင်းဒေသကြီးတွင် ကိုးဦးအထိ သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရောဂါအခံရှိ
သေဆုံးခဲ့သူများမှာ အသက်ကိုးလအရွယ် ကလေးငယ်မှအစ အသက် (၆၀) အရွယ် အထိပါဝင်နေပြီး အားလုံးမှာ ရောဂါအခံရှိချိန် အပြင်းဖျားကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ အခက်အခဲများဖြစ်ပွားသည့် ဒဏ်မခံနိုင်ဘဲ သတိလစ်သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
လက်ဆေး
"ကျွန်မတို့ကတော့ နှာစေးချောင်းဆိုး တယ်။ ကိုယ်လက်မအီမသာဖြစ်ပြီး ခန္ဓာကိုယ် ကိုက်ခဲမှုဖြစ်တာနဲ့ လူများတဲ့နေရာမသွား တော့ဘူး။ ကိုယ့်အိမ်ထဲပဲခွေနေပြီး ပျောက် အောင် ဆေးခန်းပြ ဆေးသောက်လုပ်တယ်။ အခုဆိုဖျားတာ နှစ်ခါရှိပြီ။ ပထမတစ်ခါဖျား တုန်းကကြောက်လို့ ဆေးခန်းပြသေးတယ်၊ ဆရာမကဘာမှမဖြစ်ဘူး၊ လက်ကိုမှန်မှန်မကြာ ခဏဆေးပေးလို့မှာလိုက်လို့ လက်ကိုတစ်ခုခု ကိုင်ပြီးတိုင်း ဆေးတယ်။ နောက် မိုးမိပြီးဖျား သေးတယ်။ အဲဒါကျတော့ ဆေးခန်းမသွား တော့ဘူး၊ သောက်ဆေးနဲ့ပျောက်သွားတယ်။ အိမ်က ကလေးတွေကိုလည်း လက်ဆေးဖို့ပဲ မှာထားတယ်"ဟု ပုသိမ်မြို့ အမှတ် (၁) ရပ်ကွက်နေ ဒေါ်သန်းမြင့်က ပြောဆိုသည်။
ရောဂါကူးစက်
ရာသီတုပ်ကွေး H1N1 ရောဂါကူးစက်မှု မှာ အဆိုပါရောဂါခံစားနေရသူမှ နှာခေါင်းနှင့် ပါးစပ်ကိုမဖုံးအုပ်ဘဲ နှာချေခြင်းနှင့် ချောင်းဆိုး ခြင်းတို့ပြုလုပ်ပါက ရောဂါပိုးများသည် လေထဲ တွင် ခြောက်ပေခန့်အထိ ပျံ့နှံ့နိုင်ပြီး အခြားသူ တစ်ဦးဦးက ရောဂါပိုးများကို လက်ဖြင့် ထိ တွေ့ပြီး ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးများကို အဆိုပါလက်ဖြင့် ပြန်လည်ထိတွေ့ကိုင်တွယ် မိရာမှ တစ်ဆင့်ရောဂါကူးစက်နိုင်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပညာ ပေးရုပ်သံဖြင့် ရောဂါကူးစက်ပုံကို ဖော်ပြထားသည်။
ကာကွယ်နိုင်
ရောဂါကာကွယ်နိုင်ရန် နှာချေ၊ ချောင်း ဆိုးခြင်းများပြုလုပ်ပါက နှာခေါင်းနှင့်ပါးစပ်ကို ဖုံးအုပ်၍ လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးကြောခြင်းများနှင့် လူစည်ကားသည့်နေရာများကို တတ်နိုင်သမျှမသွားခြင်းဖြင့် ရောဂါကူးစက် ခြင်းကိုကာကွယ်နိုင်ကြောင်း ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၏ အသိပညာပေးရုပ်သံတွင် ပါရှိသည်ကို တွေ့ရှိရသည်။
















