တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တို့၏ တိုက်ပွဲများကြောင့် အရပ်သား ၇၀ဝ၀ ကျော် စစ်ဘေးကြုံခဲ့ကြ

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တို့၏ တိုက်ပွဲများကြောင့် အရပ်သား ၇၀ဝ၀ ကျော် စစ်ဘေးကြုံခဲ့ကြ

မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား သြဂုတ် ၁၅ ရက်က စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အရပ်သား ၇၀ဝ၀ ကျော်စစ်ဘေးသင့်ခဲ့ရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး၏ သြဂုတ် ၂၇ ရက် သတင်းထုတ်ပြန် ချက်အရ သိရသည်။

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့တို့အကြား တိုက်ပွဲများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်ခုနစ်မြို့နယ်၌ ဆက်လက်ဖြစ်ပွားလျက်ရှိရာ သြဂုတ် ၁၇ ရက်ကစပြီး ယခုအချိန်အထိ လူဦးရေစုစုပေါင်း ၇၀ဝ၀ ကျော်နေရပ်စွန့်ခွာပြီး ယာယီ စခန်းများ၌ ခိုလှုံခဲ့ကြရသည်။

အချို့နေရာများတွင် တိုက်ပွဲများလျော့ပါးသွားသဖြင့် နေရပ်ပြန်နိုင်သူများရှိသော်လည်း သြဂုတ် ၂၃ ရက် စာရင်းများအရ လားရှိုး၊ သိန်းနီနှင့် ကွတ်ခိုင်မြို့နယ်တို့၌ စုစုပေါင်း လူဦးရေ ၄၀ဝ၀ ကျော် ဆက်လက်စစ်ရှောင်နေရဆဲဖြစ်သည်။

ပြင်ဦးလွင်နှင့် နောင်ချိုမြို့များတွင် မြန်မာ့တပ်မတော်၏ စခန်းများကို အေအေ၊ ကိုးကန့်နှင့် တအာင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် မြန်မာ့တပ်မတော်က ပြန်လည် တုံ့ပြန်တိုက်ခိုက်ခဲ့ရာမှတိုက်ပွဲများ ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

စစ်ဘေးသင့်ပြည်သူများကို ဒေသန္တရအာဏာပိုင်များ၊ ပုဂ္ဂလိကအလှူရှင်များ၊ ရပ်ရွာ လူမှုအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဘာသာရေးအသင်းအဖွဲ့များက ကူညီထောက်ပံ့လျက်ရှိပြီး UNHCR, ICRC နှင့် အိုင်အင်န်ဂျီအိုအချို့က ထောက်ပံ့မှုများ လုပ်ဆောင်နေသော်လည်း စစ်ဘေးရှောင်ပြည်သူများထံသွား ရောက်ပံ့ပိုးရန် အကန့်  အသတ်ရှိနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ထုတ်ပြန် ချက်၌ ဖော်ပြပါရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး