ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်–ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးထိုးနှံပေးခြင်းကို သြဂုတ် ၂၆ ရက် နံနက် ၉ နာရီက ကျေးလက်ကျန်းမာရေးဌာနခွဲ ရုံးခန်း၌ ပြုလုပ်ခဲ့သည်။
နှစ်ကြိမ်တိုက်ကျွေး
ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းကို မွေးကင်းစမှ ငါးနှစ်အရွယ်ကလေးငယ်များအား နှစ်ကြိမ်တိုက်ကျွေးသွားမည်ဖြစ်ရာ ပထမအကြိမ်အဖြစ် သြဂုတ် ၂၆ ရက်မှ ၂၈ ရက်အထိတိုက် ကျွေးမည်ဖြစ်ပြီး ဒုတိယအကြိမ်ကို အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်တွင် ထပ်မံတိုက်ကျွေးမည်ဖြစ်ကြောင်း သိရသည်။ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးကို ကိုးလမှငါးနှစ်အရွယ် ကလေးများအား အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်တွင် ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။
တစ်ပြိုင်နက်
ယခုကဲ့သို့ ခိုင်ကမ်းမြို့တွင် ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်–ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးထိုးနှံပေးခြင်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချင်း ပြည်နယ် ဖလမ်း၊ ဟားခါး၊ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ ထန်တလန်၊ တီးတိန်၊ တွန်းဇန်မြို့များ၌ တစ်ပြိုင်နက် တိုက်ကျွေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
















