လွိုင်ကော်တွင် စိတ်ကြွဆေးနှင့် ကျည်ဆံများ ဖမ်းမိ

လွိုင်ကော်တွင် စိတ်ကြွဆေးနှင့် ကျည်ဆံများ ဖမ်းမိ

လွိုင်ကော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ကျည်ဆံများကို ကယားပြည်နယ်ရဲတပ်ဖွဲ့က သြဂုတ် ၂၇ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၃ နာရီခွဲတွင် လွိုင်ကော်မြို့၊ အဝေးပြေးကားဂိတ်၌ မကေသီမြ(၃၃)နှစ်က မန္တလေးသို့ ကားပစ္စည်းများပို့လိုကြောင်းပြော၍ လိပ်စာမပါသည့် ဆာလာအိတ်တစ်လုံးကို အပ်နှံထားကြောင်း အကြောင်းကြားချက်အရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

၎င်းအိတ်အတွင်း မော်တော်ယာဉ် ကလပ်ဘရိတ်အဟောင်းတစ်ခု၊ ပဲနို့ အချိုရည်ဘူးခွံ၊ ပလတ်စတစ်ဘူးတို့ဖြင့် ထည့်ထားသော ပွိုင့် ၂၂ ကျည် ၁၅၀ဝ တောင့်၊ ပဲနို့ အချိုရည်ပါ ဘူးငယ် ၅ ဘူး၊ ဖောက်စက်ဟောင်း တစ်ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စုံစမ်းပေါ်ပေါက်ချက်များအရ နေအောင်(၃၄)နှစ်၏နေအိမ်ကိုရဲတပ်ဖွဲ့က ဆက်လက်ဝင်ရောက်ရှာဖွေရာ နေအိမ်တွင်ရပ်ထားသော မော်တော်ယာဉ်ရှေ့ ခန်းထိုင်ခုံကြားမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၁ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂ ဒသမ ၇၇၅ သိန်း)ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

မကေသီမြ(၃၃)နှစ်နှင့် နေအောင် (၃၄)နှစ်တို့ကို လွိုင်ကော်မြို့မရဲစခန်းတွင် လက်နက်ဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေများဖြင့် အမှုဖွင့်အရေးယူထားသည်။