အင်တာမီလန်အသင်းသည် မန်ယူမှချီလီ တောင်ပံတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ် အား အငှားစာချုပ်ဖြင့်ခေါ်ယူရန် သဘောတူ ညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။
အသက် ၃၀ အရွယ် ဆန်းချက်ဇ်သည် အာဆင်နယ်မှ မန်ယူသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်းမရှိပေ။ ဆန်းချက်ဇ်သည် ၂၀၁၈ ခုနှစ် ဇန်နဝါ ရီက မန်ယူသို့ရောက်ရှိခဲ့သူဖြစ်ပြီး စုစုပေါင်း ၄၅ ပွဲ ပါဝင်ကစားခဲ့ရာ ၅ ဂိုးသာသွင်းယူနိုင် ခဲ့သည်။
ဆန်းချက်ဇ်သည် ၂၀၁၈ -၁၉ ဘော လုံးရာသီကလည်း မန်ယူအသင်းအတွက် ၂ ဂိုးသာသွင်းပေးနိုင်ခဲ့သည်။ အင်တာမီလန် သည် မန်ယူမှပင် ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို ပြောင်းရွှေ့ကြေးပေါင် ၇၄ သန်း ဖြင့်ခေါ်ယူခဲ့ပြီးနောက် ဆန်းချက်ဇ်အား ခန့် မှန်းသတင်းများအတိုင်း ခေါ်ယူနိုင်ရန် သဘော တူညီမှုရရှိခဲ့သည်။
အင်တာမီလန်သည် ဆန်းချက်ဇ်အား အငှားစာချုပ်အရ တစ်ပတ်လုပ်ခပေါင် ၁၇၅၀ဝ၀ ပေးမည်ဟု သိရသည်။ အင်တာ မီလန်သည် ဆန်းချက်ဇ်အား တစ်ရာသီအငှား စာချုပ်ဖြင့်သာ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အငှားစာ ချုပ်ကုန်ဆုံးပါက အပြီးသတ်ခေါ်ယူမည်မဟုတ် ပေ။ ဆန်းချက်ဇ်သည် အင်တာမီလန်တွင် ဆေးစစ်ရန်အတွက် အီတလီသို့သွားရောက် တော့မည်ဖြစ်သည်။
ဥရောပအပြောင်းအရွှေ့ ဈေးကွက်မှာ စက်တင်ဘာ ၂ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ရာ ဆန်းချက်ဇ်မှာ မကြာမီ အချိန်အတွင်း အင်တာမီလန်နှင့် လက်မှတ် ရေးထိုးနိုင်တော့မည်ဖြစ်သည်။
အင်တာမီလန် သည် ဆန်းချက်ဇ်အား အငှားခေါ်ယူရန်အတွက် ယူရို ၅ သန်းကုန်ကျမည်ဖြစ်သည်။ ဆန်းချက်ဇ်သည် စီးရီးအေနှင့်မစိမ်းဘဲ ဘာစီ လိုနာသို့မပြောင်းရွှေ့မီ အူဒီးနီးစ်အသင်း၌ ပါဝင်ကစားခဲ့ဖူးသည်။
အင်တာမီလန်သို့ ဆန်းချက်ဇ်ရောက် တော့မည်ဖြစ်ရာ မန်ယူတိုက်စစ်မှာ အားနည်း သွားခဲ့ရသည်။ မာရှယ်မှာ ပေါင်ခြံဒဏ်ရာရရှိ နေ၍ မန်ယူတိုက်စစ်ကို ရက်ဖို့ဒ်ဦးဆောင်မည် ဖြစ်ပြီး မာဆန်ဂရင်းဝုဒ်မှာ နေရာရလာဖွယ် ရှိသည်။















