၂၀၁၉-၂၀ ဥရောပချန်ပီယံလိဂ် အုပ်စု အဆင့်မဲခွဲပွဲကို သြဂုတ် ၂၉ ရက်က မိုနာကို တွင်ကျင်းပခဲ့ရာ မဲခွဲပွဲရလဒ်အရ ထိပ်သီး အသင်းအချင်းချင်း ဆုံတွေ့ခဲ့သည့် အုပ်စုများ ပါဝင်ခဲ့ကြောင်း သိရသည်။
ချန်ပီယံလိဂ်အုပ်စု(A) တွင် ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ ဘရု ဂျက်နှင့် ဂါလာတာစာရေးတို့ပါဝင်ခဲ့ပြီး အုပ်စု (B) တွင် ဘိုင်ယန်မြူးနစ်၊ စပါး၊ အိုလံပီယာ ကို့စ်နှင့် ကာဗီနာတို့ တစ်အုပ်စုတည်းကျရောက် ခဲ့သည်။ အုပ်စု (C) တွင် မန်စီးတီး၊ ရှက်တာ ဒိုးနက်၊ ဒိုင်နမိုဇာဂရက်နှင့် ချန်ပီယံလိဂ်ပထမ ဆုံးအကြိမ် ပါဝင်ကစားခွင့်ရခဲ့သော စီးရီးအေ ကလပ် အတ္တလန္တာတို့ပါဝင်ခဲ့သည်။ အုပ်စု (D)တွင် စီးရီးအေနှင့် လာလီဂါထိပ်သီးများ ဖြစ်သည့် ဂျူဗင်တပ်စ်နှင့် အက်သလက်တီကို တို့ပါဝင်ကာ အခြားပြိုင်ဘက်များအဖြစ် လေဗာကူဆင်နှင့် လိုကိုမိုးတစ်မော်စကိုတို့ ပါဝင်လာခဲ့သည်။
အုပ်စု (E) တွင် လီဗာပူးနှင့် နာပိုလီတို့ ထပ်မံဆုံတွေ့ခဲ့ပြီး ဆဲလ်ဘက်နှင့် ဘယ်လ်ဂျီ ယံကလပ် ဂျန့်တို့ ပါဝင်ခဲ့သည်။ အုပ်စု (F) မှာ ခက်ခဲသည့်အုပ်စုဟု ဆိုနိုင်ပြီး ချန်ပီယံ ဟောင်းဘာစီလိုနာ၊ ဒေါ့မွန်၊ အင်တာမီလန် နှင့် ဆလားဗီးယားပရက်တို့ ကစားကြမည်ဖြစ် သည်။ အုပ်စု (G)တွင် ဇင်းနစ်၊ ဘင်ဖီကာ၊ လိုင်ယွန်နှင့် လိုက်ပ်ဇစ်တို့ ပါဝင်ခဲ့ပြီး တိုက်စစ် အားပြိုင်ကြမည်ဖြစ်သည်။ အုပ်စု (H)တွင် အသင်းကောင်းများဖြစ်သည့် ချယ်လ်ဆီး၊ အေဂျက်၊ ဗလင်စီယာနှင့် လိုင်လီတို့ပါဝင်နေ ကြသည်။
အုပ်စုပွဲစဉ် (၁) ကို စက်တင်ဘာ ၁၇၊ ၁၈ ရက်တွင် စတင်ကစားမည်ဖြစ်သည်။
၁၆ သင်းအဆင့် မဲခွဲပွဲကို ဒီဇင်ဘာ ၁၆ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ပထမအကျော့ကို ဒီဇင်ဘာ ၁၈၊ ၁၉ နှင့် ၂၀၂၀ ဖေဖော်ဝါရီ ၂၅၊ ၂၆ ၌ ကစားမည်ဖြစ်သည်။ ကွာတားဖိုင်နယ်မဲခွဲပွဲကို ၂၀၂၀ မတ် ၂၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပထမအကျော့ကို ဧပြီ ၇၊ ၈ ရက်၌ ယှဉ်ပြိုင် မည်ဖြစ်သည်။ ဆီမီးပထမအကျော့ကို ၂၀၂၀ ဧပြီ ၂၈၊ ၂၉ ရက်၌ကစားမည်ဖြစ်ပြီး ဗိုလ်လု ပွဲကို ၂၀၂၀ မေ ၃၀ ၌ အစ္စတန်ဘူလ်၌ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။















