သြဇာသီးကြိုက်သူလေးတွေရှိ လား

သြဇာသီးကြိုက်သူလေးတွေရှိ လား

ငယ်ငယ်ကကျင်းလေးတူးပြီး သြဇာစေ့တောက်ခဲ့ဖူးတယ်ဆိုရင်တော့  သေချာတာကသင်ကသြဇာသီးကြိုက်တဲ့သူဆိုတာပါ။ သြဇာသီးတွေကိုစားပြီးတိုင်း သြဇာစေ့တွေကို သေချာဗူးနဲ့ထည့်ပြီးစုခဲ့ရတာအမောနော်။
 

ကစားဖို့အတွက် တော်တော်လေးအသုံးတည့်တဲ့ သြဇာစေ့တွေကိုရဖို့ သြဇာသီးတွေကိုစားခဲ့ဖူးမယ်ဆိုရင်တော့ အခုလိုအကျိုးကျေးဇူးတွေကိုခံစားနေရလောက်ပါပြီ။

သြဇာသီးကြိုက်သူလေးတွေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကဘာတွေများလဲ……..
 

အသားအရေနဲ့ဆံသားကိုကျန်းမာစေနိုင်တယ်

သြဇာသီးမှာဗီတာမင် A ကြွယ်ဝစွာပါဝင်နေတာကြောင့် အသားအရေနဲ့ဆံသားကိုကျန်းမာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အသားအရေပြဿနာတွေကိုအထိရောက်ဆုံးဖြေရှင်းပေးနိုင်သလိုအသားအရေကိုလည်း အစိုဓာတ်ထိန်းပေးပါတယ်။

ကိုယ်အလေးချိန်တက်စေနိုင်တယ်

ဝချင်သူလေးတွေအတွက် အဆင်ပြေစေမယ့် နည်းတစ်ခုပေါ့။ သြဇာသီးကို ပျားရည်နဲ့ရောပြီး နေ့တိုင်းပုံမှန်စားပေးမယ်ဆိုရင် ကိုယ်အလေးချိန်တိုးလာမှာအသေအချာပါ။ ကယ်လ်လိုရီပါဝင်မှုများတာကြောင့် ကိုယ်အလေးချိန်တက်ချင်သူတွေအတွက် တကယ်အဆင်ပြေစေမှာပါ။

ကိုယ်ဝန်ဆောင်တွေနဲ့ သင့်တော်တယ်

ကိုယ်ဝန်ဆောင်မေမေတွေ သြဇာသီးစားပေးမယ်ဆိုရင် ဘေဘီလေးရဲ့ ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ မတော်တဆကိုယ်ဝန်ပျက်ကျနိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာပါ။ ကိုယ်ဝန်ဆောင်စဉ်ခံစားရတဲ့ ဝေဒနာတွေကိုလည်း လျော့ပါးသက်သာစေမှာပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့နို့ချိုတိုက်ကျွေးနေရချိန်မှာ သြဇာသီးစားပေးမယ်ဆိုရင် ကလေးကျန်းမာမှာဖြစ်သလိုမိခင်နို့ထွက်လည်းကောင်းစေမှာပါ။

ပန်းနာရင်ကျပ်ကာကွယ်ပေးတယ်

ဗီတာမင်B6 ကြွယ်ဝတာကြောင့် လေပြွန်ရောင်ရမ်းတာကိုသက်သာစေနိုင်ပြီးပန်းနာရင်ကျပ်မဖြစ်အောင်ကာကွယ်ပေးပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

သြဇာသီးမှာ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် နှလုံးကျန်းမာစေပြီး ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ဗီတာမင် B6 ပါဝင်နေတာကြောင့် ရုတ်တရက်နှလုံးရပ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။

အစာကြေစေနိုင်တယ်

ကော့ပါးနဲ့အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အစာကြေစေနိုင်သလိုဝမ်းမှန်စေနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာကိုသက်သာစေနိုင်ပါတယ်။

ဆီးချိုသမားတွေနဲ့ သင့်တော်တယ်

ဆီးချိုရှိသူတွေ အထူးသဖြင့် အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေနဲ့ အထူးသင့်တော်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးပါတယ်။ ဆီးချိုမရှိသူတွေစားသုံးပေးမယ်ဆိုရင် ဆီးချိုကာကွယ်ရာရောက်ပါတယ်။

သွေးပေါင်ကျစေနိုင်တယ်

ပိုတက်ဆီယမ်နဲ့မဂ္ဂနီဆီယမ်ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကိုအကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေအတွက်လည်းစားသုံးသင့်တဲ့ဓာတ်စာတစ်ခုပေါ့။

သွေးတွင်းကိုလက်စထရောကျစေနိုင်တယ်

သြဇာသီးမှာနီကာဆင်နဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးတွင်းကိုလက်စထရောကိုကျစေနိုင်ပါတယ်။

သွေးအားနည်းရောဂါကိုသက်သာစေနိုင်တယ်

သြဇာသီးကအအေးဓာတ်ရှိသလိုသံဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးအားနည်းရောဂါကိုကုသဖို့အတွက်ရောကာကွယ်ဖို့အတွက်ပါ စားသုံးပေးသင့်ပါတယ်။
ကဲ.. အခုလောက်ဆိုရင် သြဇာသီးလေးကစားကောင်းရုံတင်မဟုတ်ဘဲ ခန္ဓာကိုယ်ကျန်းမာဖို့အတွက်လည်းအထောက်အကူပြုပေးတယ်ဆိုတာကိုသိလောက်မယ်ထင်ပါတယ်။ ဒါကြောင့် အရသာရှိတဲ့ သြဇာသီးလေးစားရင်းကျန်းမာရေးအကျိုးကျေးဇူးလေးတွေရယူလိုက်ပါ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021