ငယ်ငယ်သေးသေးအရွယ်လေးထဲကရေကူးသင်ပေးခြင်းရဲ့ ကောင်းကျိုးများ

ငယ်ငယ်သေးသေးအရွယ်လေးထဲကရေကူးသင်ပေးခြင်းရဲ့ ကောင်းကျိုးများ

You  Tubeမှာဗီဒီယိုဖိုင်တွေ တွေ့ဖူးမှာပါ။ မွေးကင်းစကလေးသေးသေးလေးတွေ ခေါင်းမှာဘောကွင်းလေးတွေစွပ်ပြီးတော့ ရေကူးနေကြတာ။ သူတို့နိုင်ငံကမိဘတွေအတွက် ဒါတွေကလုပ်နေကျဖြစ်ပေမယ့် တို့ မြန်မာနိုင်ငံကမိဘတွေအတွက်ကတော့ ရင်တမမနဲ့ ဖြစ်နေရမယ့် အလုပ်ပါ။ ဒါပေမယ့် ခုလိုကလေးလေးတွေကိုငယ်ငယ်လေးထဲကရေကူးသင်ပေးထားရင် ရလာမယ့် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

ငယ်ငယ်လေးထဲကရေကူးသင်ပေးရင် ရလာမယ့် အကျိုး ၉ ချက်
အကျိုးကျေးဇူးအကြောင်း  အရင်မပြောခင် ငယ်ငယ်လေးဆိုတော့ ဘယ်အရွယ်ကိုပြောတာလဲဆိုတဲ့အကြောင်းစပြောချင်ပါတယ်။ ကလေးအသက် ၆ လ ကျော်ပြီဆိုတာနဲ့ ရေကူးစသင်လို့ရပါပြီ။ ရေကူးသင်တယ်ဆိုတာလူကြီးတွေလိုမျိုးလက်တွေခြေတွေ ဘယ်လိုလုပ်ရမလဲဆိုတာကိုသင်တာပြောတာမဟုတ်ပါဘူး။ ကလေးလေးတွေရဲ့ ခေါင်းမှာဘောကွင်းလေးတွေစွပ်ပြီးကလေးခြေထောက်လေးတွေ ယက်နေတာကိုပြောတာပါ။ ကဲဘေဘီလေးတွေကိုငယ်ငယ်လေးထဲကရေကူးသင်ပေးထားရင် ရလာမယ့် အကျိုးကျေးဇူးတွေကတော့ --

(၁ )ကလေးတွေကမေမေတို့ ဗိုက်ထဲမှာဆို ရေမြွှာ ရေတွေထဲအမြဲကန်လိုက်၊ ခြေထောက်ဆန့်လိုက်နဲ့ ကူးနေကြတာမလား။ ။ဒါပေမယ့် အပြင် ရောက်တော့ ခြေထောက်ကို အနှီးတွေနဲ့ထုတ်ထားတော့ ကန်တယ်ဆိုတာခြေထောက်ဆန့်တယ်ဆိုတာဘယ်လိုလဲဆိုတာသူတို့မေ့သွားတတ်ကြပါတယ်။ ဒါကြောင့် ၆ လအရွယ်မှာသူတို့ကိုရေကူးပြန်သင်ပေးလိုက်ရင် အသက်ကြီးမှ ရေကူးသင်တဲ့သူတွေထက်ပိုအတတ်မြန်ပါတယ်။

(၂ )- ရေကန်ထဲမှာခေါင်းလေးပဲ ငြိမ်ပြီး အ ခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေကလှုပ်ရှားနေရတဲ့အတွက် ကလေးရဲ့ ကြွက်သား၊ အဆုတ်နဲ့ နှလုံးတို့ သန်မာစေဖို့ သူက  အကူအညီပေးပါတယ်။

( ၃ ) – ရေကူးခြင်းကြောင့် ကလေးရဲ့ စိတ်ပိုင်းနဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကလည်းအခြားသူတွေထက် မြန်တာကြောင့် အခြားကလေးတွေထက် သင်္ချာစွမ်းရည်နဲ့ ဘာသာစကားပိုင်းဆိုင်ရာတွေမှာပိုပြီးတော်လေ့ရှိပါတယ်။

( ၄ ) – ရေကူးတယ်ဆိုတာမိသားစုတစ်ခုလုံးပါဝင်လို့ရတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်တာကြောင့် ကလေးနဲ့ မိသားစုကြားရင်းနှီးမှုတွေပိုလာမှာ ဖြစ်ပါတယ်။

( ၅  ) ရေကူးကန်ထဲမှာဟန်ချက်ညီအောင်ထိန်းရတာမြေပြင်ပေါ်ခြေချရတာထက်ပိုခက်ပါတယ်။ ဒါပေမယ့် ရေကူးကန်ထဲမှာဟန်ချက်ညီညီနဲ့ ကိုယ်ဖော့ပြီးမျောနေတတ်တဲ့ကလေးလေးတွေကအခြားရွယ်တူကလေးတွေထက် လမ်းလျှောက်ချိန် ဟန်ချက်ညီအောင် ထိန်းနိုင်မှာ ဖြစ်ပါတယ်။

( ၆ ) ကလေးကိုကောင်းကောင်းအိပ်ပျော်စေပါတယ်။ လူကြီးတွေတောင် ရေကူပြီးပြန်လာရင် တစ်ကိုယ်လုံးညောင်းပြီးအိပ်လို့အရမ်းကောင်းတာတစ်ချိန်လုံးအိပ်ချင်နေတဲ ့ကလေးတွေဆိုပိုဆိုးတာပေါ့။ ကလေးများကောင်းကောင်းမအိပ်လို့ကတော့ ရေကူးသာသင်ပေးလိုက်။

( ၇ ) အစားလည်းများများစားဝင်စေပါတယ် – ရေကူးချိန် ကယ်လိုရီ တွေ လောင်ကျွမ်းသွားတာကြောင့် ဘေဘီလေးတို့ ဗိုက်ဆာနေကြမှာကျိန်းသေပါတယ်။ အဆော့မက်ပြီးအစား ကြေးများတဲ့ကလေးတွေကိုဘယ်လိုမှ အစာကျွေးလို့မရရင် ရေကူးသာသင်ပေးလိုက်။ ကိုယ်ကျွေးသမျှ လုံးဝ ကြေးများတော့မှာ မဟုတ်တော့ဘူးနော်။

( ၈ ) ကလေးရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကိုတိုးတက်စေပါတယ်။ – ကလေးတွေကိုထိန်းသင့်တဲ့ နေရာရှိပေမယ့် တချို့နေရာတွေမှာသူတို့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးထားပြီးလုပ်ခွင့်ပေးထားလို့ သူတို့လေးတွေ လုပ်နိုင်သွားတဲ့အခါ၊ တတ်မြောက်သွားတဲ့အခါ ရလာတဲ့ ကိုယ်ပိုင်ယုံကြည်မှုလောက် ဘယ်အရာမှ မချိုမြိန်ပါဘူး။

( ၉ ) လောကကြီးမှာမမြင်နိုင်တဲ့အရာတွေကအများကြီးလေ။ အခန့်မသင့်လို့ ရေဘေးနဲ့ ကြုံလာတဲ့အခါမျိုးတွေမှာကိုယ့်ကလေးကငယ်ငယ်လေး တည်းက  ရေကူးတတ်နေတော့ သူတို့ အသက်အန္တရာယ်ဘေးကနေ စိတ်ချလို့ရတာပေါ့။
ဘေဘီလေးတွေ အရွယ်တည်းကရေကူးသင်တာကောင်းတာတွေများတယ်ဆိုပေမယ့် ကလေးရေမွန်းအောင် ၊ ရေမနစ်အောင် ဘေးကနေသေချာဂရုစိုက်ပေးဖို့ကလည် း အရေးကြီးပါသေးတယ် ။ ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021