အာဆင်နယ်အသင်းနည်းပြ အမ်မရီက စပါးနှင့်ယှဉ်ပြိုင်ကစားရမည့် လန်ဒန်ဒါဘီပွဲတွင် တိုက်စစ်မှူးများဖြစ် သော အော်ဘာမီယန်၊ ပီပီနှင့် လာကာဇက်တီတို့ကို
ပွဲထုတ်အသုံးပြုမည်ဖြစ်ကြောင်း အရိပ်အမြွက်ပြောဆိုခဲ့သည်။
အာဆင်နယ်သည် ယနေ့ည ၁၀ နာရီတွင် အိမ် ကွင်း၌ စပါးအသင်းနှင့် လန်ဒန်ဒါဘီပွဲကစားရမည်ဖြစ်ပြီး ပွဲကောင်းဖြစ်နေသည်။ အာဆင်နယ်တိုက်စစ်မှူးများဖြစ် သော အော်ဘာမီယန်နှင့် လာကာဇက်တီတို့မှာ အတွဲ ညီညီကစားနေကြပြီး ခြေစွမ်းပြကစားနေသည်။
အာဆင် နယ်အသင်းက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ် ယူထားသော အိုင်ဗရီကို့စ်တောင်ပံတိုက်စစ်မှူး ပီပီမှာ လည်း အာဆင်နယ်နှင့် ခြေစွမ်းပြကစားနိုင်မည်ဟု ယုံကြည် ရသည်။
ပြင်သစ်တိုက်စစ်မှူး လာကာဇက်တီမှာ ခြေကျင်း ဝတ်ဒဏ်ရာရရှိနေသောကြောင့် ပြီးခဲ့သည့်သီတင်းပတ်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် အရန်ခုံထိုင်ခဲ့ရသည်။ လန်ဒန်ဒါဘီပွဲတွင် တိုက်စစ်မှူးသုံးဦးစလုံးကို ပွဲထုတ်ကစား ဖွယ်ရှိကြောင်း အာဆင်နယ်နည်းပြ အမ်မရီက သတင်း ထောက်များအား ပြောဆိုခဲ့ခြင်းဖြစ်သည်။
အမ်မရီက "တိုက်စစ်မှူးသုံးဦးစလုံးကို ပွဲထုတ်မလား ဆိုတော့ ဒါကဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လာကာဇက် တီဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုချိန်မှာ သူ့ဒဏ်ရာပြန်ကောင်း နေပါတယ်။ သူ့ရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ ကျွန်တော်တို့အကောင်းမြင် ထားတယ်။ ကစားသမားသစ်ပီပီကလည်း ပွဲတိုင်းမှာ အကောင်းဆုံးကစားနိုင်ဖို့ ရည်ရွယ်ထားတဲ့သူပါ။ အော် ဘာမီယန်ကလည်း ကျွန်တော်တို့အတွက် အရေးကြီးပါတယ်"ဟု ပြောဆိုခဲ့သည်။
ဆက်လက်၍ အာဆင်နယ်နည်းပြအမ်မရီက လန်ဒန် ဒါဘီပွဲတွင် ကွင်းလယ်လူအိုဇေးလ်ကို အသုံးပြုရန်ရှိကြောင်း အသိပေးခဲ့သည်။ အိုဇေးလ်သည် ပြီးခဲ့သည့်လက လန်ဒန် တွင် လုယက်မှုခံခဲ့ရပြီးနောက် လုံခြုံရေးအခြေအနေကြောင့် အနားယူနေရသည်။ သို့သော် အမ်မရီက အိုဇေးလ်ကို လိုအပ်ကြောင်းဆိုကာ သုံးမည်ဖြစ်သည်။















