မန်ယူကစားသမားများဖြစ်ကြသည့် စမောလင်းနှင့် ဒါမီယန် စီးရီးအေရောက်

မန်ယူကစားသမားများဖြစ်ကြသည့် စမောလင်းနှင့် ဒါမီယန် စီးရီးအေရောက်

မန်ယူကစားသမားနှစ်ဦးဖြစ်သည့် အင်္ဂလန် နောက်ခံလူ စမောလင်းနှင့် ဒါမီယန်တို့သည် ဥရောပအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် စီးရီးအေသို့ ပြောင်းရွှေ့ရောက်ရှိခဲ့ကြောင်း သိရသည်။

မန်ယူအသင်း၌ ကာလရှည်ကြာစွာ ပါဝင်ကစားခဲ့သော နောက်ခံလူ စမောလင်း သည် နည်းပြဆိုးလ်ရှား၏လက်အောက်တွင် ပုံမှန်နေရာရရန် ရုန်းကန်ရမည်ဖြစ်၍ စီးရီးအေ ကလပ် ရိုးမားသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။

အသက် ၂၉ နှစ်အရွယ် နောက်ခံလူ စမောလင်းသည် ရိုးမားအသင်း တွင် ကျောနံပါတ် ၆ ဂျာစီ ဝတ်ဆင်ကစားမည် ဖြစ်သည်။

ရိုးမားသည် အဓိကနောက်ခံလူ မာနိုလက်စ်အား နာပိုလီအသင်းထံရောင်းချ ခဲ့ပြီးနောက် စမောလင်းကိုခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။ ရိုးမားသည် နွေရာသီအပြောင်းအရွှေ့ ဈေးကွက်တွင် စမောလင်းအပါအဝင် ကစား သမားသစ်ရှစ်ဦးအထိခေါ်ယူထားသည်။

ရိုးမားအသင်းသို့ ရောက်ရှိလာခဲ့သော နောက်ခံလူ စမောလင်းက "ကျွန်တော့်အတွက် အခုလိုမျိုး အသင်းပြောင်းရွှေ့ကစားခွင့်ရခဲ့ တာက ပြည့်စုံတဲ့အခွင့်အရေးတစ်ခုလို့ ပြောရ မှာပါ။ ကိုယ်မကစားဖူးတဲ့လိဂ်မှာ အတွေ့အကြုံ တော့ရမှာပါ။ အသင်းဖော်တွေနဲ့ အကောင်း ဆုံးတွဲဖက်ကစားဖို့အတွက် ရည်ရွယ်ထားပါတယ်။ ရိုးမားအသင်းဟာ နှစ်လိုဖွယ်ကောင်းတဲ့ ကလပ်ဖြစ်ပါတယ်။ ရိုးမားအသင်းက သမိုင်း ကြောင်းလည်းကောင်းတယ်"ဟု ပြောဆိုခဲ့သည်။

စမောလင်းသည် ၂၀၁၀ ပြည့်နှစ်က ဖူလ်ဟမ်မှ မန်ယူသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဆယ်စုနှစ် တစ်ခုအတွင်း ပွဲပေါင်း ၃၂၃ ပွဲ ကစားထားသူ ဖြစ်သည်။ ရိုးမားသည် စမောလင်းကို တစ်ရာသီ အငှားခေါ်ယူရန် ယူရိုသုံးသန်း ကုန်ကျမည် ဖြစ်သည်။

မန်ယူနောက်ခံလူဒါမီယန်မှာလည်း ပါးမားသို့ ပေါင် ၁ ဒသမ ၄ သန်းဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ ဒါမီယန်သည် ယမန်နှစ်က မန်ယူအတွက် ခုနစ်ပွဲသာကစားခွင့်ရခဲ့သည်။ ဒါမီယန်သည် မန်ယူနည်းပြ ဆိုးလ်ရှား၏ အနာဂတ်အစီအစဉ်၌ မပါဝင်သောကြောင့် အသင်းပြောင်း ခဲ့ရသည်။



ဖတ်ရှုမှုအများဆုံး