မန်ယူအသင်းသည် သြဂုတ် ၃၁ ရက်က ပရီးမီးယားလိဂ် ပွဲစဉ် (၄) အဖြစ် ဆောက် သမ်တန်ကွင်းတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ဝေးလ်တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ် ၏ ပထမပိုင်းသွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဂိုးပြန်ပေးလိုက်ရ၍ တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့သည်။
မန်ယူ တိုက်စစ်၌ ဒဏ်ရာရမာရှယ်လ်ပါဝင်ခဲ့ခြင်းမ ရှိဘဲ အင်္ဂလန်တိုက်စစ်မှူး ရက်ဖို့ဒ်ဦးဆောင် ခဲ့သည်။ ရက်ဖို့ဒ်သည် ပွဲချိန်အတွင်း ဂိုးသွင်း ခွင့်များရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။
မန်ယူကွင်းလယ်လူ ပေါ့ဘာမှာလည်း ဘော လုံးအပျက်များခဲ့ပြီး မန်ယူအသင်း၏ကစားပုံ မှာ လိုအပ်ချက်များရှိခဲ့သည်။ မန်ယူသည် တစ်ပွဲလုံးတွင် ဘောလုံးပိုင်ဆိုင်မှု ၅၉ ရာခိုင် နှုန်းရရှိအောင် ကစားနိုင်ခဲ့သည်။ မန်ယူသည် တစ်ပွဲလုံးတွင် ဂိုးပေါက်ခြိမ်းခြောက်မှု ၂၁ ကြိမ်အထိရှိခဲ့ပြီး ၈ ကြိမ်ဂိုးပေါက်တည့်ခဲ့သည်။
မန်ယူသည် ဆောက်သမ်တန်ကွင်းတွင် သရေသာကစားနိုင်ခဲ့၍ နောက်ဆုံးပရီးမီး ယားလိဂ် ၃ ပွဲဆက်တိုက် အနိုင်ပျောက်ခဲ့ပြီး နောက်ဆုံးပရီးမီးယားလိဂ် ၃ ပွဲတွင် ၃ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ မန်ယူသည် ၂၀၁၄ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး အဝေးကွင်းရလဒ် ဆိုးဖြင့် ကြုံဆုံနေရသည်။
မန်ယူသည် ၂၀၁၄ ခုနှစ် ဧပြီမှ နိုဝင်ဘာလအထိ ပြိုင်ပွဲစုံအဝေး ကွင်း ၉ ပွဲဆက်တိုက် အနိုင်ပျောက်ခဲ့ပြီးနောက် ယခုအခါ ပြိုင်ပွဲစုံအဝေးကွင်း ၈ ပွဲဆက်တိုက် တစ်ပွဲမှ အနိုင်မရခဲ့ပေ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက တိုက်စစ်ပိုကောင်းရန် လိုအပ် နေပြီဖြစ်ကြောင်း ဆောက်သမ်တန်နှင့်ပွဲအပြီး ဝန်ခံပြောဆိုခဲ့သည်။
နည်းပြဆိုးလ်ရှားက "အသင်းတိုက်စစ်ဟာ ဒီထက်ပိုပြီးတော့ အဆုံး သတ်ကောင်းကိုကောင်းရမယ်။ လက်ရှိအချိန် မှာတော့ အဲဒီလိုမဖြစ်သေးဘူး။ ဒီနေ့မှာဆိုရင် ဘယ်နှကြိမ်ဂိုးကန်သွင်းမှုရှိသလဲဆိုတာ ကျွန် တော်မသိပါဘူး။ ပဲလေ့စ်နဲ့ပွဲမှာဆိုရင်လည်း ဂိုးကန်သွင်းမှုတွေ ရခဲ့ပါသေးတယ်။ နောက် ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံး ပွဲကိုထိန်းချုပ်ပြီး ကစားနိုင်ခဲ့တာတော့ မှန်ပါတယ်"ဟု ပြောဆို ခဲ့သည်။
မန်ယူနည်းပြဆိုးလ်ရှားက ဂိုးသွင်းပေးခဲ့ သော ဒန်နီရယ်ဂျိမ်းစ်ကို ချီးကျူးခဲ့ပြီး ပေါ့ဘာ ကိုမူ ဝေဖန်ခဲ့သည်။ ပေါ့ဘာသည် မန်ယူကွင်း လယ်ကို ဦးဆောင်ကစားနေသော်လည်း အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခြင်းမရှိပေ။















