ပွဲပြီးကာနီး လက်ဆောင်ဂိုးကြောင့် နာပိုလီအား ဂျူဗင်တပ်စ် ၄ ဂိုး ၃ ဂိုးဖြင့်နိုင်

ပွဲပြီးကာနီး လက်ဆောင်ဂိုးကြောင့် နာပိုလီအား ဂျူဗင်တပ်စ် ၄ ဂိုး ၃ ဂိုးဖြင့်နိုင်

ဂျူဗင်တပ်စ်သည် စီးရီးအေပွဲစဉ်(၂)အဖြစ် အိမ်ကွင်းတွင် ပြိုင် ဘက်ကောင်းနာပိုလီနှင့် ယှဉ်ပြိုင်ခဲ့ရာ ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရခဲ့ပြီး စီးရီးအေနှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည်။

နှစ်သင်းစလုံးတွင် အဓိက ကစားသမားများ အစုံအလင်ပါဝင်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းကို စီရို နယ်ဒိုဦးဆောင်ခဲ့သည်။

ဂျူဗင်တပ်စ်သည် ပထမပိုင်းမိနစ် ၂၀ မပြည့်ခင် ၂ ဂိုးပြတ်ဦးဆောင် ခဲ့ပြီး ဒါနီလိုနှင့် ဟီဂူအင်တို့က ဂိုးသွင်းပေးခဲ့သည်။

စီရိုနယ်ဒိုသည် ပွဲချိန် ၆၂ မိနစ်တွင် ဒေါက်ဂလက်ကော်စတာ၏ဖန်တီးမှုမှတစ်ဆင့် တတိယဂိုးသွင်းပေးခဲ့သည်။ နာပိုလီသည် ၃ ဂိုးပြတ်ရှုံးခဲ့သော်လည်း တိုက်စစ်အစွမ်းပြခဲ့ပြီး ချေပဂိုး ၃ ဂိုးပြန်သွင်းနိုင်ခဲ့သည်။

နာပိုလီ ကစားသမားသစ် လိုဇာနိုမှာလည်း ဂိုးသွင်းနိုင်ခဲ့သည်။ အကြိတ် အနယ်ကစားရင်း ၃ ဂိုးစီ သရေဖြင့်ပွဲပြီးမည်ဟု ထင်ရသော်လည်း နောက်ဆုံးမိနစ်တွင် ကူလီဘာလီ ကိုယ့်ဂိုးကိုယ်သွင်းခဲ့၍ ဂျူဗင်တပ်စ်က ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်လက်ထောက်နည်းပြ မာတက်စီရယ်လိုက ၎င်းတို့ အသင်းမှာ ဘယ်တော့မှအရှုံးမပေးသည့် အသင်းဖြစ်ကြောင်းဆိုကာ ကစားသမားများ၏စိတ်ဓာတ်ကို ချီးကျူးခဲ့သည်။ နည်းပြဆာရီသည် အဆုတ်ရောင်နေ၍ နာပိုလီပွဲအား မကြီးကြပ်နိုင်ခဲ့ပေ။      



ဖတ်ရှုမှုအများဆုံး