အပစ်ရပ်ကာလသက်တမ်းတိုးထားသော်လည်း မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်း ပြည်ထောင်စုလမ်းမကြီး၌ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်မည်

အပစ်ရပ်ကာလသက်တမ်းတိုးထားသော်လည်း မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်း ပြည်ထောင်စုလမ်းမကြီး၌ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်မည်

တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကာလကို သက်တမ်းတိုးထားသော်လည်း မြန်မာ-နှင့်တရုတ်၏ အရေးပါသည့်ကုန်သွယ် ရေးလမ်းကြောင်းဖြစ်သော ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်တွင် တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ပြုလုပ်မည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောဆိုခဲ့သည်။

တပ်မတော်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နယ် မြေနှင့် တြိဂံတိုင်းစစ်ဌာနချုပ် နယ်မြေတို့တွင် စစ်ရေးလှုပ်ရှားမှုများရပ်ဆိုင်းခဲ့ရာ ယခုအခါ တပ်မတော်၏အပစ်အခတ်ရပ်စဲရေးကာလမှာ ကိုးလနီးပါးရှိပြီဖြစ်သည်။

"ပြည်ထောင်စုလမ်းမကြီးဆိုတာက ပြည်သူ လူထုရဲ့အသက်အိုးအိမ်စည်းစိမ်ထဲမှာ အကျုံး ဝင်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ကုန်စည်စီး ဆင်းမှုအပေါ်မှာလည်း အကျုံးဝင်တယ်။ အဲဒီ အပေါ်မှာတော့ အဖျက်အမှောင့်လုပ်ငန်းတွေ ဆောင်ရွက်နေခြင်းဟာ ပြည်သူလူထုကိုတိုက် ရိုက်စော်ကားတာလို့ ကျွန်တော် မြင်တယ်။ ပြည်သူကို တိုက်ရိုက်တိုက်ခိုက်နေတယ်လို့ပဲ ကျွန်တော်မြင်တယ်"ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောဆိုသည်။

အသိပေးပြောကြားခဲ့

အစိုးရဘက်ကလည်း သြဂုတ် ၃၁ ရက်က လက်နက်ကိုင်အဖွဲ့လေးဖွဲ့နှင့် ကျိုင်းတုံ၌ ဆွေးနွေးပွဲပြုလုပ်ရာ၌ မြောက်ပိုင်းမဟာမိတ် များအနေဖြင့် ပြည်ထောင်စုလမ်းမကြီးတစ် လျှောက် တိုက်ခိုက်မှုများမပြုလုပ်ရန်၊ တပ်မ တော်သည် မြောက်ပိုင်းအဖွဲ့များကို ဦးတည် တိုက်ခိုက်နေခြင်းမဟုတ်ဘဲ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်တွင် နယ်မြေရှင်းလင်း ရေးများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုသည်။

အဆုံးအဖြတ်

တိုင်းရင်းသားလက်နက်ကိုင်များဘက်ကလည်း ပြည်ထောင်စုလမ်းမကြီးနံဘေးတွင် စစ်ရေးလှုပ်ရှားမှုများမပြုလုပ်ရန် အစိုးရ၏ တောင်းဆိုမှုကို အဆုံးအဖြတ်မပေးနိုင်ကြောင်း တုံ့ပြန်ခဲ့ပြီး ၎င်းတို့၏သက်ဆိုင်ရာခေါင်းဆောင် များနှင့်ပြန်လည်ညှိနှိုင်းမှုများပြုလုပ်ရမည်ဟု ပြောဆိုထားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး