ကွတ်ခိုင်တိုက်ပွဲ၌ အရပ်သားများ သေဆုံးဒဏ်ရာရခဲ့မှု မြောက်ပိုင်းသုံးဖွဲ့ပစ်ခတ်ခြင်းဖြစ်ဟု တပ်မတော်ထုတ်ပြန်

ကွတ်ခိုင်တိုက်ပွဲ၌ အရပ်သားများ သေဆုံးဒဏ်ရာရခဲ့မှု မြောက်ပိုင်းသုံးဖွဲ့ပစ်ခတ်ခြင်းဖြစ်ဟု တပ်မတော်ထုတ်ပြန်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ပေါ်သို့ လက်နက်ကြီးများကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားငါးဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိစေခဲ့မှုမှာ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်အဖွဲ့၊ အေအေအဖွဲ့နှင့် တအာင်း အဖွဲ့တို့က ပစ်ခတ်ခြင်းကြောင့်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါမြောက်ပိုင်းအဖွဲ့များသည် သြဂုတ် ၃၁ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ ကွတ်ခိုင်မြို့တွင်းနှင့် နယ်မြေခံတပ်ရင်းဌာန ချုပ်တို့အား နေရာနှစ်နေရာမှ လက်နက်ကြီး များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့ရာ မော်ဟစ်စုစည်းရွာအတွင်း ကျရောက်ပေါက် ကွဲခဲ့သဖြင့် ဒေါ်ထွယ်ရာအပါအဝင် အရပ် သားငါးဦး သေဆုံးပြီး ဦးဂျုံဒေါင်းအပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်းထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

ယင်းဖြစ်စဉ်အပေါ် တပ်မတော်က ရွာ တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှု ကြောင့် အရပ်သား ရွာသူရွာသားများ သေဆုံး ဒဏ်ရာရမှုများရှိခဲ့သည်ဟု မြောက်ပိုင်းအဖွဲ့ အစည်းများက သတင်းမှားနှင့် ကောလာ ဟလထုတ်လွှင့်ခဲ့ကြောင်း၊ ဖြစ်စဉ်မှန်အား စိစစ်ရာ ၎င်းတို့က ကွတ်ခိုင်မြို့တွင်းနှင့် နယ် မြေခံတပ်ရင်းဌာနချုပ်တို့အား ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက် မန်ထန်ရွာ ကချင်ဘုရား ကျောင်း အနီးနေရာမှလည်းကောင်း၊ ကွတ်ခိုင် မြို့၏ အနောက်တောင်ဘက် ပန်ဆေးကျေး ရွာအနီး နေရာမှလည်းကောင်း လက်နက်ကြီး များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဆက် လက်ဖော်ပြခဲ့သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ဓာတ်ပုံ များ၌ တပ်မတော်မှ ထုတ်လုပ်သည့် ဗုံးသီးပုံ သဏ္ဌာန်အမှတ်အသားစာများပါသည့် ဓာတ်ပုံ များကိုတင်၍ လုပ်ကြံဖန်တီးကာ သတင်းအမှား များ၊ ကောလာဟလများ ရေးသားဖော်ပြနေ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိ သည်။

ဆက်လက်ပြုလုပ်

ယင်းဖြစ်စဉ်အား လက်နက်ခဲယမ်းပညာ ရှင်များဖြင့် စိစစ်ခဲ့ရာ မြောက်ပိုင်းအဖွဲ့များ လာရောက်ပစ်ခတ်ခဲ့သည့်နေရာနှင့် ကျည်သွား လမ်းကြောင်းများအရ မော်ဟစ်စုစည်းကျေး ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့် လက် နက်ကြီးကျည်များမှာ မြောက်ပိုင်းအဖွဲ့များ၏ ပစ်ခတ်မှုကြောင့်သာဖြစ်ကြောင်းနှင့် အသေး စိတ်စုံစမ်းစစ်ဆေးမှုများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး