စီးပွားရေးဖွံ့ဖြိုးမှု သဘောတူစာချုပ်နှင့်နားလည်မှုစာချွန်လွှာများ မြန်မာနှင့်ကိုရီးယားသမ္မတနှစ်နိုင်ငံတို့အကြားလက်မှတ်ရေးထိုးခဲ့ကြ

စီးပွားရေးဖွံ့ဖြိုးမှု သဘောတူစာချုပ်နှင့်နားလည်မှုစာချွန်လွှာများ မြန်မာနှင့်ကိုရီးယားသမ္မတနှစ်နိုင်ငံတို့အကြားလက်မှတ်ရေးထိုးခဲ့ကြ

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက် ရှိနေသော တောင်ကိုရီးယားသမ္မတ မွန်ဂျေး အင်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကိုရီးယား--မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံပွဲ အပြီးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သဘောတူစာချုပ်တစ်ခုနှင့် နားလည်မှုစာချွန် လွှာငါးခုကို လက်မှတ်ထိုးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကုန်သွယ် မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ အခြေခံအ ဆောက်အအုံ၊ စွမ်းအင်၊ ငွေကြေးနှင့် ဘဏ္ဍာ ရေးကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက် သွားရေး၊ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လယ်ယာကဏ္ဍတွင် အတွေ့ အကြုံနှင့် နည်းပညာများဖလှယ်ခြင်းဖြင့် ဆက်လက်အကူအညီပေးအပ်ရေး၊ ကိုရီးယား နိုင်ငံက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ် နှံမှုပြုလုပ်ရာတွင် ပိုမိုလွယ်ကူချောမွေ့စေရန် အတွက် ရန်ကုန်မြို့၌ သတင်းအချက်အလက် စင်တာတစ်ခုတည်ထောင်သွားရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး၊ ကိုရီးယား--မြန်မာစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုစက်မှုဇုန်စီမံကိန်း (KMIC) ထူထောင်နိုင်ရေးအတွက် စတင်သည့် အထိမ်း အမှတ်အခမ်းအနားကို ရန်ကုန်မြို့တွင်ကျင်းပ မည့်ကိစ္စ၊ နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရေး အတွက် မြန်မာအလုပ်သမားများတိုးမြှင့်ခေါ် ယူနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ၂၀၁၈ ခုနှစ်မှ၂၀၂၂ ခုနှစ်အထိ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ချေးငွေဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ကုန်သွယ်ရေးနှင့် စက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည် မှုစာချွန်လွှာ၊ ရန်ကုန်မြို့တွင် သတင်းအချက် အလက်စင်တာတစ်ခု တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ကိုရီး ယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ms.Ka-ng Kyung-wha တို့ကလည်းကောင်း၊ သင်္ဘော လိုင်း၊ သင်္ဘောကျင်းအဆင့်မြှင့်တင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆိပ်ကမ်းတည်ဆောက် ရေးနှင့် စီမံခန့်ခွဲရေးကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုနားလည်မှု စာချွန်လွှာ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ၊ ထွန်းသစ်စလုပ်ငန်းများ နှင့် တီထွင်ဆန်းသစ်ခြင်းနယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာတို့ကို လက်မှတ်ထိုးကာ အပြန်အလှန်လဲလှယ်ခဲ့ကြ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး