ကိုယ်ဝန်ဆောင်မေမေဝက်ခြံပေါက်တဲ့အခါ

ကိုယ်ဝန်ဆောင်မေမေဝက်ခြံပေါက်တဲ့အခါ

အရင်ကဝက်ခြံမပေါက်ပါဘူး။ အခုကိုယ်ဝန်ဆောင်မှပဲ ပေါက်လိုက်တဲ့ဝက်ခြံတွေ စိတ်တောင်ညစ်လာပြီဆိုတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးေးလကိုဖတ်ကြည့်လိုက်ပါနော်။

ဒီဆောင်းပါးေးလက ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လာတဲ့ ဝက်ခြံတွေကိုဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာကိုပြောပြပေးထားတာပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ပေါက်တဲ့ဝက်ခြံ

ကိုယ်ဝန်ဆောင်ချိန်မှာဝက်ခြံပေါက်တာက ဖြစ်လေ့ရှိတဲ့အရေပြားပြဿနာတစ်ခုပါ။ အရင်ကဝက်ခြံမပေါက်တတ်ဘူးဆိုရင်တောင် ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ဝက်ခြံဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ပထမ ၃ ပတ်ကာလအတွင်းမှာ ဟော်မုန်းပမာဏမြင့်တက်မှုကြောင့် ဝက်ခြံတွေဖြစ်ရတာပါ။

ကိုယ်ဝန်ဆောင်ချိန်မှာဝက်ခြံပေါက်တာက မေမေတိုင်းဖြစ်တာတော့ မဟုတ်ပါဘူး။ ဘယ်သူ့မှာဝက်ခြံပေါက်နိုင်လဲဆိုတာကိုလည်းခန့်မှန်းရခက်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ရာသီလာချိန်မှာဝက်ခြံပေါက်တတ်သူဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာဝက်ခြံဖြစ်နိုင်ခြေကအခြားသူတွေထက်ပိုများပါတယ်။ တကယ်လို့ သင့်အနေနဲ့ ကိုယ်ဝန်ဆောင် ပထမ ၃ လပတ်ကာလမှာဝက်ခြံမထွက်ဘူးဆိုရင် နောက်ကျန်နေတဲ့ ဒုတိယ ၃ လပတ်ကာလမှာရောတတိယ ၃ လပတ်ကာလမှာပါ ဝက်ခြံပေါက်နိုင်ခြေနည်းသွားပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်ချိန်မှာပေါက်တဲ့ ဝက်ခြံတွေကိုဘယ်လိုဖြေရှင်းမလဲ……..

ဝက်ခြံကအလှပျက်စေတဲ့အရာဖြစ်တာကြောင့် ကျန်တဲ့အချိန်တွေမှာ ဆေးဝါးတွေ၊လိမ်းဆေးတွေသုံးပြီးပျောက်ကင်းအောင်လုပ်လို့ရပေမယ့်။ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ကတော့ မွေးမလာသေးတဲ့ ဘေဘီလေးကိုထိခိုက်မှုနည်းစေဖို့အတွက် သဘာဝဆေးနည်းတွေကိုအသုံးပြုတာကအကောင်းဆုံးဖြစ်မှာပါ။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည် တစ်ဆ ရေသုံးဆတို့ကိုရောစပ်ပြီးဂွမ်းစလေးနဲ့တို့လို့ ဝက်ခြံတွေပေါ်မှာလိမ်းပေးလို့ရပါတယ်။ မျက်နှာပေါ်က အဆီပိုတွေကိုအထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။

မုန့်ဖုတ်ဆော်ဒါ

မျက်နှာပေါ်ကအဆီပိုတွေကိုဖယ်ရှားပေးပြီး အနာကျက်စေနိုင်ပါတယ်။ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောစပ်ပြီး ဝက်ခြံတွေပေါ်မှာအုံပေးပါ။ ခြောက်သွားရင် ရေဆေးချပေးပါ။

အချဉ်သီး

သံပရိုသီး ဒါမှမဟုတ် သံပရာသီးတို့မှာပါဝင်နေတဲ့ Alpha hydroxy acid က ချွေးပေါက်တွေကိုပွင့်စေပြီးအရေပြားပေါ်က ဆဲလ်သေတွေကိုအထိရောက်ဆုံးဖယ်ရှားပေးပါတယ်။ ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်ပါတယ်။ ညှစ်ထားတဲ့ သံပရာရည် ဒါမှမဟုတ် သံပရိုရည်ကိုဂွမ်းစလေးမှာတို့ပြီးဝက်ခြံတွေပေါ်မှာလူးပေးပါ။ ခြောက်သွားရင် ရေအေးအေးလေးနဲ့ဆေးချလိုက်ပါ။

ပျားရည်

ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အသားအရေကိုကျန်းမာစေနိုင်ပါတယ်။ မျက်နှာကို ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပါ။ ခြောက်အောင်သုတ်ပြီးဝက်ခြံတွေပေါ်ကိုလူးပေးပါ။ မိနစ် ၂၀ ကနေနာရီဝက်လောက်အထိထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

အုန်းဆီ

ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကိုတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အရေပြားကို ချောမွေ့စေပြီးအစိုဓာတ်ရရှိစေပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုအထိရောက်ဆုံးတားဆီးပေးနိုင်ပါတယ်။ ညအိပ်ရာမဝင်ခင် မျက်နှာကိုအုန်းဆီစစ်စစ်လိမ်းအိပ်ပေးပါ။
ကိုယ်ဝန်ဆောင်ချိန်မှာဝက်ခြံပေါက်လို့ စိတ်ညစ်နေတယ်ဆိုရင် ဒီနည်းလမး်လေးတွေကိုအသုံးပြုကြည့်ကြပါနော်၊ ကိုယ်ဝန်ဆောင်မေမေတို့ရေ……………..



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021