"ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှု ပညာရေးဆိုတာ မူလတန်းပညာရေးကို သင်ကြားနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတစ်ခုဆိုတာထက် ပိုပြီးလေးနက်တယ်"

"ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှု ပညာရေးဆိုတာ မူလတန်းပညာရေးကို သင်ကြားနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတစ်ခုဆိုတာထက် ပိုပြီးလေးနက်တယ်"

ရှေးဦး ကလေးသူငယ်ပြုစုပျိုးထောင်ရေးနဲ့ ပတ်သက်ပြီးMaster Franchisee of MindChamps International Pre School Myanmar  မှ ဒေါ်ကြည်ကြည်မိုးကို မြန်မာတိုင်း(မ်) သတင်းထောက် စောရည်နန္ဒာက တွေ့ဆုံမေးမြန်းထားပါတယ်။

ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးကဘယ်အသက်အရွယ်ထိ အကျုံးဝင်ပါသလဲ။

မွေးကင်းစကနေ အသက်ခုနစ်နှစ်အရွယ်အတွင်းဟာ ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ဥဏ်ရည်ဖွံ့ဖြိုးမှု အကောင်းဆုံးဖြစ်တဲ့အတွက် အဲဒီ အသက်အရွယ်အပိုင်းအခြားမှာရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးက အထိရောက်ဆုံးဖြစ်ပါတယ်။ နောက်ပြီး ဒီအရွယ်မှာ ကလေးငယ်တွေဟာ ပတ်ဝန်းကျင်နဲ့ အနီးပတ်ဝန်းကျင်က လူတွေဆီက အမူအကျင့်တွေကို အများဆုံး အတုယူတတ်တဲ့အရွယ်လည်း ဖြစ်ပါတယ်။

ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးက ဘာကြောင့်အရေးကြီးလဲ။

ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှုပညာရေး (Early Childhood Care andEducation)ဆိုတာ မူလတန်းပညာရေးကိုသင်ကြားနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတစ်ခုဆိုတာထက် ပိုပြီးလေးနက်တယ်။ ဒီပညာရေးက ဘဝတစ်လျှောက် ပညာသင်ကြားမှုနဲ့ ကျန်းမာသန်စွမ်းမှုတွေအတွက် ခိုင်ခံ့ကျယ်ပြန့်တဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်တယ်။ ကလေးငယ်တစ်ဦးအတွက် လိုအပ်တဲ့လူမှုပေါင်းသင်းဆက်ဆံရေး အပါအဝင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အသီးသီးမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့အချက်တွေကို အလေးထား သင်ကြားပေးတာဖြစ်လို့ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တကယ့်ကိုအရေးပါပါတယ်။ 

ဘယ်လိုအပြုအမူမျိုးတွေက ကလေးတွေရဲ့ရှေးဦးဖွံ့ဖြိုးမှုတွေကို ထိခိုက်စေနိုင်လဲ။

ကလေးတွေရဲ့ ရှေးဦးအရွယ် ဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်တဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာ  ကလေးငယ်ရဲ့ စူးစမ်းလေ့လာချင်စိတ်ကို အကြောင်းမဲ့ တားဆီးပိတ်ပင်ခြင်း၊ လေ့လာခွင့်မပြုခြင်းတွေပါ။ ကလေးငယ်တွေ အတုယူမှားစေနိုင်မယ့် အပြုအမူအပြောအဆိုတွေကို ရှောင်ကြဉ်သင့်တယ်။ ဒီအချက်တွေက ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုကိုအတားအဆီးဖြစ်စေပါတယ်။

မြန်မာနိုင်ငံရဲ့ ရှေးဦး ကလေးပြုစုရေးလုပ်ငန်းတွေရဲ့ ဖွံ့ဖြိုးမှုအပေါ် အမြင်ကိုပြောကြားပေးပါ။ အဓိက လိုအပ်ချက်က ဘာဖြစ်နိုင်လဲ။ 

လွန်ခဲ့တဲ့ ၁၀ စုနှစ်နဲ့ယှဉ်ရင် အများကြီးတိုးတက်လာတယ်။ မူကြိုကျောင်းတွေ အများကြီး ရှိလာတယ်။ မိဘတွေအနေနဲ့ ရွေးချယ်စရာတွေ များလာတယ်။ မိဘနဲ့ ဆရာမတွေကိုယ်တိုင် ပူးပေါင်းပြီး နယ်ပယ်အသီးသီးမှာထူးချွန်တဲ့ အနာဂတ်ခေါင်းဆောင်တွေ ဖြစ်လာနိုင်ဖို့ ကလေးငယ်လေးတွေကို အသက်အရွယ်အလိုက် ကောင်းမွန် အသင့်တော်ဆုံး နည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရှေးဦး ကလေးပြုစုရေးလုပ်ငန်းတွေတိုးတက်လာဖို့ ဘာတွေအကြံပြုချင်သလဲ။

ရှေးဦးကလေးပြုစုရေးသင်တန်းကျောင်းတွေမှာ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေအတွက် နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေကို ဖိတ်ခေါ်ပြီး သင်ကြားမှုနည်းလမ်းသစ်တွေ၊ အတွေ့အကြုံအသစ်တွေကို မျှဝေဆွေးနွေးနိုင်မယ့် ပညာရေးဆွေးနွေးပွဲတွေကိုပြုလုပ်ပေးသင့်ပါတယ်။ ဆရာ၊ ဆရာမတွေကကလေးငယ်တွေနဲ့ အများဆုံး ဆက်ဆံပြောဆိုနေရတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ ကျွမ်းကျင်မှုတွေ၊ ပြောဆို ဆက်ဆံမှုတွေကိုလည်း ပိုပိုပြီးကောင်းမွန်လာအောင် လေ့ကျင့်သင်ကြားပေးနိုင်ရင် အကောင်းဆုံးပါပဲ။

MindChamps  မှာ အသက်ဘယ်နှနှစ်က စတင်ပြီး ကျောင်းအပ်လက်ခံပါသလဲ။

အသက်အရွယ်အားဖြင့်ကတော့ ၁၈ လကနေ ခြောက်နှစ်အရွယ်အထိ လက်ခံသင်ကြားပေးနေပြီး(Play Group eJY Nursery Kindergarten)ဆိုပြီး ကလေးငယ်တွေရဲ့ အသက်အရွယ်ပေါ် မူတည်ပြီး အတန်းတွေ ခွဲခြားပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အပေါ် ဘယ်လိုမြင်ပါသလဲ။

အဓိကကတော့ ကျွန်မအနေနဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေအတွက် MindChampsရဲ့ ထူးခြားကောင်းမွန်တဲ့ ပညာရေးကို ပေးချင်လို့ ဖွင့်ခဲ့တာ။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကလည်း တဖြည်းဖြည်းချင်း တိုးတက်လာနေပြီး ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာလည်း အများကြီး အကျိုးသက်ရောက်မှု ရှိစေနိုင်တဲ့အတွက်ရည်မှန်းချက်ကြီးကြီးထားပြီး ကလေးငယ်တွေကို လေ့ကျင့်သင်ကြားပေးသွားမှာပါ။

သင်ကြားရေးနည်းလမ်းက ဘယ်လို သင်ကြားမှုပုံစံမျိုးလဲ။ ကျောင်သားအရေအတွက် ကန့်သတ်ထားခြင်းရှိပါသလား။ ဘယ်လိုကလေးတွေ တက်ရောက်လို့ ရပါသလဲ။ 

MindChamps International Preschoolမှာ သင်ကြားတဲ့ သင်ခန်းစာတွေကို နိုင်ငံတကာအဆင့် ပညာရေးပုံစံတစ်ခုဖြစ်တဲ့3 Mind  Revolution  ပေါ်မှာ အခြေခံပြီး ပေါ်ထွက်လာတဲ့ (နှစ် ၂၀ ကျော် သုတေသနပြုလုပ်ထားတဲ့) သင်ရိုးညွှန်းတမ်းပေါ်မှာရေးဆွဲထားတာ ဖြစ်တဲ့အတွက် ကလေးငယ်တစ်ဦးစီတိုင်းရဲ့ ဘက်စုံအရည်အချင်းတွေကိုဖွံ့ဖြိုးတိုးတက်လာအောင် ပြုစု ပျိုးထောင်ပေးပါတယ်။ ကျောင်းသားအရေအတွက်ကို ဆရာနဲ့ ကျောင်းသားအရေအတွက် အချိုးပေါ်မူတည်ပြီး ကန့်သတ်ထားပါတယ်။

ကောင်းမွန်တဲ့ အဆင့်မြင့်ပညာရေးစနစ်ကိုဖော်ဆောင်တဲ့နေရာမှာ အဓိကလိုအပ်ချက်က ဘာတွေဖြစ်နိုင်မလဲ။

အဓိက ကောင်းမွန်ပြည့်စုံတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ထောက်ကူပစ္စည်းတွေ၊ အရည်အချင်းပြည့်မီတဲ့ဆရာ၊ ဆရာမတွေနဲ့ မိဘတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။

သင်ကြားတဲ့နေရာမှာ ပြည်ပက ဆရာ၊ ဆရာမတွေနဲ့ တိုက်ရိုက်သင်ကြားပေးတာလား။ ပြည်တွင်းက ဆရာ၊ ဆရာမ အရေအတွက်ဘယ်လောက်ရှိပါသလဲ။ 

ပြည်တွင်း၊ ပြည်ပက ကောင်းမွန် အသင့်တော်ဆုံးဆရာ၊ ဆရာမတွေကို ခန့်အပ်ထားပါတယ်။ ဒီကျောင်းမှာ  သင်ကြားပေးနေတဲ့ဆရာ၊ ဆရာမတွေအားလုံးသည်MindChamps Singapore ရုံးချုပ်က ကျွမ်းကျင်သင်တန်းဆရာများ(Professional trainers)များရဲ့ နာရီပေါင်း ၂၀ဝ သီအိုရီပိုင်းရော၊ လက်တွေ့ပါ လေ့ကျင့်သင်ကြားမှု ရပြီးသူများဖြစ်ပါတယ်။

ကလေးတွေရဲ့ လုံခြုံမှုပိုင်းအတွက် ဘယ်လောက်ထိ ပြင်ဆင်ဆောင်ရွက်ထားသလဲ။လိုအပ်တာရှိရင် ဖြည့်စွက်ပြောကြားပေးပါ။

MindChamps မှာ ကျောင်းအပ်တဲ့မိဘတွေအနေနဲ့ မိမိရဲ့ သားငယ်၊ သမီးငယ် လေးတွေကို အကြိုအပို့ပြုလုပ်ဖို့အတွက် မိဘဒါမှမဟုတ် မိဘက ခွင့်ပြုထားသူရဲ့ ဓာတ်ပုံနှင့်ကိုယ်ရေးအချက်လက်တွေကို ကျောင်းကတောင်းယူထားပါတယ်။ မိဘကိုယ်တိုင် (သို့)မိဘမှ ခွင့်ပြုထားတဲ့သူ ဖြစ်မှသာလျှင် ကလေးငယ်တွေကို အကြိုအပို့ ပြုလုပ်ဖို့ ခွင့်ပြုမှာပါ။ပြီးတော့ကျောင်းမှာ တက်ရောက်မှု မှတ်တမ်းဆော့ဖ်ဝဲကို အသုံးပြုပါတယ်။ ဒီဆော့ဖ်ဝဲတွေကို မိုဘိုင်းဖုန်းတွေမှာ အလွယ်တကူဒေါင်းနိုင်ပြီး အက်ပလီကေးရှင်းနဲ့ ချိတ်ဆက်ထားတဲ့အတွက် မိဘကိုယ်တိုင် ကျောင်းပို့၊ကျောင်းကြိုနိုင်ခြင်းမရှိတဲ့ အခါမှာ အက်ပလီကေးရှင်းကိုဝင်ပြီး မိမိကလေးငယ်ရဲ့ ကျောင်းတက်၊ ကျောင်းဆင်းချိန်တွေကို အချိန်နေရာမရွေး ကြည့်ရှုနိုင်မှာပါ။ ကျောင်းကို အကြိုအပို့ပြုလုပ်တဲ့ မိဘကိုယ်တိုင်၊ ဒါမှမဟုတ် မိဘကခွင့်ပြုထားသူရဲ့ လက်မှတ်ထိုးထားတဲ့ကျောင်းကြိုပို့ မှတ်တမ်းစာရင်းကိုလည်း သိမ်းဆည်းထားမှာ ဖြစ်ပါတယ်။

MindChamps International Schoolဟာ အတွေ့အကြုံရင့် စီမံခန့်ခွဲမှုအဖွဲ့ကိုပိုင်ဆိုင်ထားတဲ့အပြင် သက်ဆိုင်ရာနယ်ပယ်တွေမှာ များပြားတဲ့ အတွေ့အကြုံတွေနဲ့ ဗဟုသုတတွေကို ပိုင်ဆိုင်ထားတဲ့ အမေရိကန်၊ ယူကေ၊ သြစတြေးလျနဲ့ စင်ကာပူနိုင်ငံတွေကသိပ္ပံပညာရှင်တွေ၊ ပညာရေးနဲ့ အနုပညာနယ်ပယ်တွေက ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် အကောင်းမွန်ဆုံး ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေးသင်ကြားမှုနည်းလမ်းတွေနဲ့အတူ ကလေးငယ်တွေကို ပြုစုပျိုးထောင်ပေးမှာပါ။ 

အသေးစိတ်အချက်အလက်တွေကိုMindChamps Myanmar Facebook Pagehttps://www.facebook.com/MindChampsPreschoolMyanmar/ ? ။ ၊ ဖုန်းနံပါတ် ဝ၉•၉၅၅၁၀ဝ၀ဝ၃၊ သို့မဟုတ် အမှတ် ၁၄၊ ကမ္ဘာအေး
ဘုရားလမ်း၊ ရန်ကုန်မြို့မှာ စုံစမ်းနိုင်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021