အလုပ်သမားဈေးကွက်ဖွံ့ဖြိုးရေး မြန်မာနှင့်ဒိန်းမတ် ပူးပေါင်းဆောင်ရွက်

အလုပ်သမားဈေးကွက်ဖွံ့ဖြိုးရေး မြန်မာနှင့်ဒိန်းမတ် ပူးပေါင်းဆောင်ရွက်

    မြန်မာနိုင်ငံတွင် အလုပ်သမားဈေးကွက်ဖွံ့ဖြိုးလာရန်အတွက် မဟာဗျူဟာမြောက် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွ က်ခြင်းစီမံကိန်းကို မြန်မာနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အဆိုပါစီမံကိန်း၏ ဒုတိယအပိုင်းကို နေပြ ည်တော်တွင် စက်တင်ဘာ ၅ ရက်နေ့က မိတ်ဆက်ခဲ့သည်။ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံအနေဖြင့် အ လုပ်သမားဈေးကွက်လည်း ဖွံ့ဖြိုးရန်လိုအပ်လျက်ရှိသည်။ ထို့ကြောင့် အလုပ်သမားဈေးကွက်ဖွံ့ဖြိုးရန် အဓိကလိုအပ်ချက်များ ဖြစ်သော လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ လုပ်ငန်းခွင် ဘေးအန္ဒရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတို့ကို မြှင့်တင်ရန်အတွ က် ဒိန်းမတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။ 

    ''အခု စီမံကိန်းဒုတိယအပိုင်းမှာတော့ လုပ်ငန်းခွင် အေးချမ်းသာယာရေးအတွက် အပြင်းပွားမှုဖြေရှင်းရေးမှာ အဓိက ကျတဲ့ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွေရဲ့ အခန်းကဏ္ဍနဲ့စပ်လျဉ်းပြီး စွမ်းဆောင်ရည်တည်ဆောက်ခြင်းပိုင်းဆိုင်ရာ လုပ်ဆေ ာင်ချက်တွေ ထည့်သွင်းဆောင်ရွက်ပေးမှာဖြစ်ပါတယ်''ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဆိုပါအခမ်းအနားတွင် ပြောသွားခဲ့သည်။ 

    ထို့ကြောင့် စီမံကိန်းဒုတိယပိုင်းတွင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးပွဲများကို ပိုမိုအား ကောင်းခိုင်မာလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှုအားကောင်းလာစေရန်အတွက် ဒိန်းမတ်နိုင်ငံက အလုပ် ရုံဆွေးနွေးပွဲများ ပြုလုပ်ပြီး ပညာပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 '' ဒီအချက်တွေက ဘာကြောင့်အရေးကြီးလဲဆိုတော့ နိုင်ငံက ခိုင်မာအားကောင်းတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်လာမယ်။ အ လုပ်သမားတွေရဲ့ ထုတ်လုပ်မှုစွမ်းအားပိုကောင်းလာမယ်။ ဒါ့အပြင် သူတို့ရဲ့ကျန်းမာရေးနဲ့ သူတို့ဘဝတွေ ပိုမိုကောင်းမွန်လာ စေဖို့ ရည်ရွယ်ပါတယ်''ဟု ဒိန်းမတ်နိုင်ငံ အလုပ်သမားရေးရာဝန်ကြီး H.E Mr. Peter Hummelgaard က ပြောသည်။ 

    အဓိကအားဖြင့် အစိုးရ၏ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးတက်လာစေရေး ကူညီသွားမည်ဟုဆို သည်။ ''အဓိကအားဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ၊ လူမှုရေးအရ အဆင့်ဆင့်ဘယ်လိုပြောင်းလဲဆေ ာင်ရွက်ခဲ့တယ်ဆိုတာတွေ၊ Social Dialogue တွေလုပ်ခြင်းအားဖြင့် Social Change တွေဘယ်လိုလုပ်ခဲ့တယ်ဆိုတာတွေ၊ Triple Type ခိုင်မာအောင် ဘယ်လိုဆောင်ရွက်ခဲ့လဲဆိုတာတွေကို ပြောသွားမှာပါ''ဟု ဒိန်းမတ်ဝန်ကြီးက ဆက်လက်ပြော ကြားသွားခဲ့သည်။
 
    ထိုအတွက် ဒိန်းမတ်နိုင်ငံမှ အလုပ်သမားရေးဆိုင်ရာ အရာရှိများ မြန်မာနိုင်ငံသို့လာရောက်ပြီး အလုပ်ရုံဆွေးနွေးပွဲ များပြုလုပ်ကာ ကူညီပေးသွားမည့်အပြင် မြန်မာနိုင်ငံမှ အရာရှိများကိုလည်း ဒိန်းမတ်နိုင်ငံသို့ခေါ်ယူကာ အတွေ့အကြုံနှင့်ပ ညာရပ်များ မျှဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

''စက်မှုဇုန်တွေ၊ CMPအထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်သမားတွေ ဘေးအန္ဒရာယ်ကင်းရှင်းဖို့၊ အငြင်းပွားမှုတွေဖြစ်လာရင် ပိုပြီးအဆင်ပြေတဲ့နည်းလမ်းတွေနဲ့ဖြေရှင်းနိုင်ဖို့ သူတို့က ပညာပေးမ ယ်၊ ဆွေးနွေးမယ်၊ အတွေ့အကြုံတွေဖလှယ်မှာဖြစ်ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။ 

    အဆိုပါ စီမံကိန်းဒုတိယအပိုင်းကို ၂၀၁၉ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ ဆောင်ရွက်မည်ဖြစ်သည်။ စီမံကိန်းအတွက် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လကတည်းက နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး စီမံကိန်း ပထမပိုင်းကို ၂၀၁၆ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး