ကိုယ့်ကလေးကကားမူးတတ်လို့ ခရီးသွားရမှာ စိတ်ညစ်နေပြီလား

ကိုယ့်ကလေးကကားမူးတတ်လို့ ခရီးသွားရမှာ စိတ်ညစ်နေပြီလား

တချို့မိသားစုတွေရှိပါတယ်။ ဖေဖေမေမေတို့ကကားမမူးတတ်ဘူး။ သားသားမီးမီးလေးတွေကျမှ ကားမူးတတ်နေတော့ ခရီးသွားဖို့ အဆင်မပြေ။ မသွားမဖြစ်လို့ ခေါ်သွားပြန်ရင်လည်းကားပေါ်မှာကလေးတွေကမူးပြီးအန်၊ တချိန်လုံးဂျီကျပြီးငိုနဲ့ ကားပေါ်ပါလာတဲ့ သူတွေဝိုင်းနှာခေါင်းရှုံ့တာခံရမယ့်အပြင်  ခရီးစဉ် တစ်လျှောက်လုံးတစ်ချက်မှ နားရမှာကိုမဟုတ်ဘူးနော်။

အရင်ဆုံးကားဘာ့ကြောင့် မူးရတာလဲဆိုတာသိဖို့ လိုအပ်ပါတယ်။ကားမူးတယ်ဆိုတာကိုယ်ခန္ဓာကလှုပ်ရှားမှုကို ဦးနှောက်ဆီပေးတဲ့အခါ မျက်လုံးက ပေးပို့တဲ့အချက်ပြစနစ် နားအတွင်းကပေးပို့တဲ့အချက်ပြစနစ်တို့မညီမျှလို့ ဖြစ်ရတာဖြစ်ပါတယ်။ ဒီတော့ ဒီစနစ်ကို ပြန်ထိန်းနိုင်မှကားမူးတာသက်သာမှာ ဖြစ်ပါတယ်။

ကဲဒီတော့ ကားမူးတတ်တဲ့ သားသားမီးမီးလေးတို့နဲ့ ခရီးသွားရတော့မယ်ဆိုဘာတွေပြင်ဆင်သွားဖို့ လိုအပ်မလဲ။
•    ကလေးအိပ်ရေးဝစေဖို့ ညကတည်းက ကလေးကိုစောစောအိပ်ခိုင်းပါ။ ခရီးသွားရတော့မယ်ဆိုကလေးတွေကပိုပြီးစိတ်လှုပ်ရှားတတ်ကြတယ်မလား။
•    ကလေးဝတ်ဖို့ အဝတ်အစားရွေးချယ်တဲ့အခါမှာလည်းသက်သာချောင်ချိတဲ့ အဝတ်အစားတွေကိုဦးစားပေးရွေးချယ်ပါ။
•    ခရီးသွားခါနီးကလေးကိုအစားတွေအများကြီးမကျွေးသင့်သလို ပြန်အန်မှာစိုးလို့ဘာမှမကျွေးဘဲထားလို့လည်းမရပြန်ပါဘူး။ အစားများရင် ပြန်အန်ချင်သလိုဘာမှမစားထားတဲ့ ဗိုက်ဟောင်းလောင်းကလည်း မူးဝေပျို့အန်ခြင်းကိုပိုဖြစ်စေဦးမှာပါ။ ဒီတော့ သင့်တင့်တဲ့ ပမာဏကလေးကိုကျွေးဖို့လိုအပ်ပါတယ်။

•    ကိုယ်ကျွေးလိုက်တဲ့အစာတွေက အစာကြေဖို့ မလွယ်တာ၊ အဆီများတာ၊ အနံ့ပြင်းတာမျိုးမဖြစ်စေဖို့တော့ အရေးကြီးပါတယ်။
•    ကားပေါ်မှာကလေးကို ပြတင်းပေါက်ဘက်အခြမ်းပေးထိုင်ပါ။
•    ကားပေါ်မှာ ပြတဲ့ ရုပ်ရှင်တွေကြည့်တာ၊ ဖုန်းပွတ်တာ၊ ဂိမ်းဆော့တာတွေကကားမူးအောင် လှုံ့ဆော်ပေးသလိုဖြစ်တာကြောင့် ကလေးကိုပေးမကြည့်ပါနဲ့။ ဒါတွေလုပ်ရင် ကားပိုမူးတယ်ဆိုတာသေချာနားလည်အောင်ရှင်းပြပါ။ ကလေးတွေကမလုပ်ခိုင်းလေပိုလုပ်ချင်လေမလား။
•    နောက်ပြီးကလေးကြိုက်တဲ့ သကြားလုံးလေးတွေ၊ သစ်သီးလေးတွေ ဆောင်သွားပါ။
•    နောက်ဆုံးအနေနဲ့ အရေးအကြီးဆုံးအချက်ကတော့ ကားမူးပျောက်ဆေးဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။ လှုပ်ရှားမှု ဘက်ညီအောင်ထိန်းဖို့ဆိုရင်Dimenhydranateပါတဲ့ ကားမူးပျောက်ဆေးကသာအဓိကပါ ။ကလေးတစ်ယောက်အနေနဲ့ ဆေးလုံးမျိုချရမှာခက်ခဲမှာစိုးရင် ဆေးရည်အနေနဲ့ ထုတ်ထားတဲ့ ကားမူးပျောက်ဆေးတွေ ဆောင်သွားလို့ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021