ပေါ့ဘာနှင့်စာချုပ်သက်တမ်းတိုးရန် မန်ယူစီစဉ်နေကြောင်း သည်ဆန်းဖော်ပြ

ပေါ့ဘာနှင့်စာချုပ်သက်တမ်းတိုးရန် မန်ယူစီစဉ်နေကြောင်း သည်ဆန်းဖော်ပြ

မန်ယူအသင်းတာဝန်ရှိသူများသည် ပြင် သစ်ကွင်းလယ်လူ ပေါ့ဘာနှင့် စာချုပ်သက် တမ်းတိုးမြှင့်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဗြိတိန် သတင်းစာ သည်ဆန်းကဖော်ပြခဲ့သည်။

ဂျူဗင်တပ်စ် ကွင်းလယ်ကစားသမားဟောင်း လည်းဖြစ်သူ ပေါ့ဘာသည်စိန်ခေါ်မှုအသစ် များကိုအလိုရှိနေ၍ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်အတွင်း အသင်းပြောင်းရန် စိတ်အား ထက်သန်ခဲ့သည်။ အသက် ၂၆ နှစ်အရွယ် ပေါ့ဘာအား ခေါ်ယူနိုင်ရန် ရီးရဲလ်မက်ဒရစ် အသင်းက ထိပ်ဆုံးမှရေပန်းစားခဲ့ပြီး ပီအက်စ် ဂျီနှင့် ဂျူဗင်တပ်စ်အသင်းတို့မှာလည်း စောင့် ကြည့်ခဲ့ကြသည်။ သို့သော် ပေါ့ဘာ၏အပြောင်း အရွှေ့မှာ ဖြစ်မလာခဲ့ချေ။

သည်ဆန်း၏ဖော်ပြချက်အရ မန်ယူသည် ပေါ့ဘာနှင့် စာချုပ်သက်တမ်းတိုးမြှင့်နိုင်ရန် အတွက် ပေါ့ဘာ၏အေးဂျင့် ရွိုင်အိုလာနှင့် ချိတ်ဆက်နေပြီဖြစ်ကြောင်း သိရသည်။ မန်ယူ အသင်းအကြီးအကဲ အက်ဝုဒ်ဝက်ဒ်သည် ရွိုင်အို လာနှင့်ဆွေးနွေး၍ စာချုပ်သက်တမ်းတိုးမြှင့် နိုင်ရန် စကားပြောတော့မည်ဖြစ်သည်။ ပေါ့ဘာ သည် နွေရာသီအပြောင်းအရွှေ့ဈေးကွက်၌ အသင်းမပြောင်းခဲ့ရသော စူပါစတား ကစား သမားတစ်ဦးဖြစ်ခဲ့ရသည်။

ပေါ့ဘာ၏အစ်ကို ဖြစ်သူ မာသီးရက်စ်က "ပေါ့ဘာဟာ မန်ယူ ကနေ ထွက်လို့မရမှန်းကို သိနေပါတယ်။ ဒီတော့ သူဟာ ဒီရာသီမှာ မန်ယူအသင်းအတွက် အာရုံစိုက်ရတော့မှာပါ"ဟု တီဗွီပရိုဂရမ်အစီ အစဉ်တစ်ခု၌ ပြောဆိုခဲ့သည်။

မန်ယူအဓိကကစားသမားနှစ်ဦးဖြစ် သည့် ပေါ့ဘာနှင့် စပိန်ဂိုးသမား ဒီဂီယာတို့သည် ဖစ်ပရို၏ ကမ္ဘာ့အကောင်းဆုံးအသင်းအတွက် ဆန်ခါတင်ကစားသမား ၅၅ ဦးစာရင်းတွင် ပါဝင်လာကြောင်း သိရသည်။

ပေါ့ဘာသည် ၂၀၁၉ ကမ္ဘာ့အကောင်းဆုံးအသင်းတွင်ပါဝင် လာရန် အခြားသောကွင်းလယ်ကစားသမား ၁၅ ဦးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဖစ်ပရို၏ ဆန်ခါတင်ဂိုးသမားစာရင်း၌ အယ်လစ်ဆန်၊ ဒီဂီယာ၊ အီဒါဆန်၊ အော့ခ်ဘလပ်နှင့် တာစတီ ဂန်တို့ပါဝင်ခဲ့ကြသည်။ ယခုနှစ် ဆန်ခါတင် စာရင်းတွင် ပရီးမီးယားလိဂ်မှ ကစားသမား အများဆုံးပါဝင်ခဲ့ကြသည်



ဖတ်ရှုမှုအများဆုံး