ယူရို ၂၀၂၀ ခြေစစ်ပွဲ စပိန်နှင့်အီတလီ အဝေးကွင်းနိုင်ပွဲများရရှိခဲ့ အာမေးနီးယားကိုအနိုင်ရခဲ့သည့် အီတလီ ယူရိုခြေစစ်ပွဲငါးပွဲဆက်နိုင်

ယူရို ၂၀၂၀ ခြေစစ်ပွဲ စပိန်နှင့်အီတလီ အဝေးကွင်းနိုင်ပွဲများရရှိခဲ့ အာမေးနီးယားကိုအနိုင်ရခဲ့သည့် အီတလီ ယူရိုခြေစစ်ပွဲငါးပွဲဆက်နိုင်

ဥရောပအင်အားကြီးအသင်းကြီးများဖြစ်သည့် စပိန် နှင့်အီတလီလက်ရွေးစင်အသင်းတို့သည် စက်တင်ဘာ ၅ ရက်က ယူရို ၂၀၂၀ ခြေစစ်ပွဲ အဝေးကွင်းပွဲများအဖြစ် ကစားခဲ့ရာ အီတလီက အာမေးနီးယားကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး စပိန်အသင်းမှာ ရိုမေးနီးယားကွင်းတွင် နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ကစားခဲ့သည်။

အီတလီအသင်းနည်းပြ မန်စီနီသည် ပွဲထွက်လူစာရင်းတွင် ချီဆာ၊ ဘာနာဒက်ချီ၊ ဘယ်လော့တီ၊ ဘာရယ်လာ၊ ဂျော်ဂျင်ဟိုနှင့် ဖလိုရန်ဇီ အစရှိသောကစားသမားများကို အသုံးပြုခဲ့သည်။ အီတလီ သည် ပွဲချိန် ၁၁ မိနစ်တွင် ဦးဆောင်ဂိုးပေးခဲ့ရသည်။

တိုက်စစ်မှူး ဘယ်လော့တီမှာ ပွဲချိန် ၂၈၊ ၈၀ တွင် ဂိုးသွင်း ပေးခဲ့ပြီး အီတလီအတွက်ကျန်ဂိုးကို ပယ်လီဂရီနီက သွင်း ယူခဲ့၍ သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

အာမေးနီးယား တိုက်စစ်မှူး ကီရာပက်ရန် ပထမပိုင်းပြီးလုချိန်တွင် အနီ ကတ်ပြထုတ်ပယ်ခံခဲ့ရသည်။ အီတလီသည် ကစားသမား တစ်ယောက်အသာရပြီးမှ ရုန်းကန်ခဲ့ရသေးသည်။

နိုင်ပွဲရခဲ့သောအီတလီသည် စံချိန်မှတ်တမ်းကောင်း တစ်ခု ပိုင်ဆိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပထမ ဆုံးအကြိမ် ယူရိုခြေစစ်ပွဲငါးပွဲဆက်တိုက် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ နည်းပြဗီဆီနီလက်ထက် ၁၉၈၆-၈၇ ခုနှစ်က အီတလီမှာ လေးပွဲဆက်အနိုင်ရခဲ့ဖူးပြီး ကွန်တီလက်ထက် ၂၀၁၄ ခုနှစ်ကလည်း ခြေစစ်ပွဲလေးပွဲဆက်နိုင်ခဲ့သည်။

စပိန်အသင်းမှာ ခက်ခက်ခဲခဲကစားခဲ့ပြီးမှ ရိုမေနီးယား ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ စပိန်ကစားသမား လိုရန်တီ ပွဲချိန် ၇၉ မိနစ်၌ ထုတ်ပယ်ခံခဲ့ရသည်။ စပိန် အတွက်ဂိုးများကို ရာမို့စ်နှင့် အယ်လ်ကာဆာတို့ သွင်းယူ ခဲ့ပြီးရိုမေးနီးယားအတွက် ချေပဂိုးတစ်ဂိုးကို အန်ဒိုနီက သွင်းပေးခဲ့သည်။

စပိန်ဂိုးသမား ကီပါမှာ အကောင်းဆုံး လက်စွမ်းပြကစားခဲ့၍ စပိန်သက်သာရာရခဲ့သည်။ စပိန် အသင်းသည် ယူရို ၂၀၂၀ ခြေစစ်ပွဲ ငါးပွဲစလုံးအနိုင်ရ ထားပြီး အုပ်စုထိပ်မှဦးဆောင်နေသည်။ စပိန်သည် စက် တင်ဘာ ၉ ရက်၌ ဖာရိုးကျွန်းစုနှင့် ယူရို ၂၀၂၀ ခြေစစ်ပွဲ ဆက်လက်ကစားရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး