Botox ထိုးတာအသားအရေတစ်ခုတည်းအတွက်ပဲကောင်းကျိုးရှိတာမဟုတ်ဘူးနော်

Botox ထိုးတာအသားအရေတစ်ခုတည်းအတွက်ပဲကောင်းကျိုးရှိတာမဟုတ်ဘူးနော်

သက်လတ်ပိုင်းသက်ကြီးပိုင်းမမတီတီတို့ကြားထဲမှာခေတ်စားနေတဲ့ Botox ထိုးတယ်ဆိုတာလျော့ရဲနေတဲ့အသားအရေ၊ ထင်းနေတဲ့ အရေးအကြောင်းတွေကို ပြန်ပြီးတင်းရင်းအောင်လုပ်ပေးတဲ့ procedure တစ်ခုပါ။

ခုမှသာခေတ်စားလာပေမယ့် တကယ်တော့ ရှေးခတ်တည်းကbotoxဆိုတာရှိခဲ့ပါတယ်။ Botox ဆိုတာ Clostridium Botulinum လို့ခေါ်တဲ့ ဘက်တီးရီးယားကထုတ်ထားတာဖြစ်ပြီး ကြွက်သားနာကျင်တင်းရင်းခြင်းကိုကုသတဲ့နေရာမှာ အရင်တုန်းကသုံးခဲ့ကြပါတယ်။ ခုနောက်ပိုင်းမှ အသစ်အသစ်သောရှာဖွေတွေ့ရှိမှုတွေနဲ့အတူ Botox ကိုအရေးအကြောင်းပျောက်ဖို့ အသားအရေလှဖို့တင်းရင်းဖို့အတွက် သုံးလာကြတာဖြစ်ပါတယ်။ ဒီတော့ ရှေးခေတ်တည်းကသုံးခဲ့တဲ ့ botoxမှာဘယ်လိုအကျိုးကျေးဇူးတွေရှိသေးလဲ။

Botox ကိုသုံးခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ -
( ၁ ) အရေးအကြောင်းတွေကိုသက်သာစေပါတယ်
ဒါကတော့ လူတိုင်းသိပြီးသားပါ။ FDA ကိုယ်တိုင်ကတောင် အသိအမှတ်ပြုထားတဲ့အထိbotox က အသက်ကြီးလို့ ဖြစ်လာတဲ့ အရေးအကြောင်းတွေကိုကုသတဲ့နေရာမှာဆရာတစ်ဆူပါ။ မျက်နှာပေါ်ကအရေးအကြောင်းတွေရော၊ မျက်လုံးအောက်ကတွန့်နေတဲ့ အရေးအကြောင်းတွေ အားလုံးကိုသူက ပြန်ပြုပြင်ပေးပြီး ငယ်ရွယ်နုပျိုမှုကိုပေးစွမ်းမှာ ဖြစ်ပါတယ်။

အလှအပအပြင် Botox ကနေရနိုင်တဲ့   အခြားအကျိုးကျေးဇူးတွေကတော့ -
( ၂ )ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုသက်သာစေပါတယ်
တော်ရုံဆေးတွေနဲ့ မပျောက်တဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကိုbotoxသုံးပြီးသက်သာအောင်လုပ်လို့ရပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အာရုံကြောနာဗ်လေးတွေကိုသွားပိတ်ပြီးတင်းနေတဲ့ ကြွက်သားတွေကိုပြေလျော့အောင်လုပ်လိုက်တာကြောင့် ခေါင်းကိုက်ခြင်း ပြဿနာတွေကိုပြေလည်စေတာဖြစ်ပါတယ်။

( ၃ ) ချွေးထွက်များခြင်ကိုသက်သာစေပါတယ်။
ခြေဖဝါးလက်ဖဝါးတွေ ချွေးစေးပြန်၊ ချိုင်းချွေးတွေ အရမ်းထွက်တတ်တဲ့သူတွေ ရှိကြမှာပါ။ ဒီလိုချွေးထွက်တဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမှန်းမသိတဲ့သူတွေအတွက် Botox က ကူညီပေးနိ်ုင်မှာပါ။

( ၄  )Bells Palsy
မျက်နှာတစ်ဝိုက်မှာရှိတဲ့ Facial nerve အာရုံကြောတွေကိုထိခိုက်မိပြီးမျက်နှာကြွက်သားတွေ အားနည်းတာမျိုးကိုBells Palsy လို့ခေါ်ပါတယ်။ ဒီလိုအားနည်းတဲ ့ပြဿနာကိုဖြေရှင်းဖို့အတွက် Botox ကိ်ုအားနည်းတဲ့ ဘက်အခြမ်းမှာထိုးပြီးတင်းနေတဲ့ ကြွက်သားတွေပြေလျော့အောင်လုပ်လို့ရသလိုအခြားကောင်းတဲ့ တစ်ဘက်ကိုထိုးပြီးလည်းဘက်ညီအောင် ပြန်လုပ်ယူလို့ရပါတယ်။

( ၅ ) ဆီးကျိတ်ကြီးခြင်း
Botox က ဆီးကျိတ်ကြီးနေတဲ့ ပြဿနာကိုဖြေရှင်းပေးနိုင်တဲ ့ နောက်နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ကြီးနေတဲ့ ဆီးကျိတ်ထဲbotoxထိုးသွင်းလိုက်ရင် ဆီးကျိတ်ကြီးတာကြောင့် ဖြစ်တဲ့ ပြဿနာတွေ တစ်နှစ်လောက် သက်သာသွားမှာ ဖြစ်ပါတယ်။ နောက်ပြီးဆီးလမ်းကြောင်းခဏခဏပိုးဝင်စေတဲ့ ပြဿနာတွေကိုပါ ဖြေရှင်းပေးပြီးသားဖြစ်မှာပါ။

( ၆ ) ဆီးမထိန်းနိုင်ခြင်း
ဆီးကျိတ်ကြီးတာကိုတောင်ထိန်းနိုင်ရင် ဆီးကျိတ်ကြီးတာရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ ဆီးမထိန်းနိုင်တာဆီးမလုံတာစတဲ့ ပြဿနာတွေကိိုပါ botox က ဖြေရှင်းပေးဦးမှာပါ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021