အနာဂတ်အတွက်လွတ်လပ်စွာဆုံးဖြတ်ခွင့် မက်ဆီရထားဟု ဘာတိုမြူဆို ဇန်နဝါရီ၌ ဘာစီလိုနာသို့ နေမာရောက်လာဖွယ်မရှိကြောင်း အသိပေး

အနာဂတ်အတွက်လွတ်လပ်စွာဆုံးဖြတ်ခွင့် မက်ဆီရထားဟု ဘာတိုမြူဆို ဇန်နဝါရီ၌ ဘာစီလိုနာသို့ နေမာရောက်လာဖွယ်မရှိကြောင်း အသိပေး

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူက အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီအနေဖြင့် ၎င်း၏အနာဂတ်ကို လွတ် လပ်စွာဆုံးဖြတ်ခွင့် ပိုင်ဆိုင်ထားကြောင်း ဘာကာတီဗွီသို့ ပြောဆိုခဲ့သည်။

အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူး မက်ဆီသည် လာမာဆီယာအကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်ပြီး ဘာစီလိုနာအသင်းတွင် ပါဝင်ကစားရင်း ဘော်လွန်းဒီအော်ဆု ငါးကြိမ်ပိုင်ဆိုင်ကာ တစ်ဦးချင်းအောင် မြင်မှုများစွာ ရရှိထားသူဖြစ်သည်။ အယ်ပီရက်စ်၏အဆို အရ တိုက်စစ်မှူးမက်ဆီသည် အသက် ၃၂ နှစ်ပြည့်ချိန် မှစ၍ ဘောလုံးရာသီတိုင်းတွင် အသင်းပြောင်းခွင့်ပိုင်ဆိုင် ထားကြောင်း သိရသည်။

မက်ဆီ၏ ဘာစီလိုနာအနာဂတ် သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပြီး နောက် အသင်းဥက္ကဋ္ဌဘာတိုမြူက ကလပ်၏ရပ်တည်ချက်နှင့်ပတ် သက်၍ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ မက်ဆီသည် ဘာစီလိုနာ၌ လာမည့် ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပြီး စာချုပ်ပြည့်မည့်နှစ်မတိုင်ခင် ကိုယ့်ဆုံးဖြတ်ချက် အရ ဘာစီလိုနာကို ထွက်ခွာခွင့်ရထားသည်။

မက်ဆီသည် ယခုနှစ်ဘောလုံးရာသီကုန်တွင် ဘာစီလိုနာမှထွက်ခွာဖွယ် ရှိနေကြောင်း စပိန်သတင်းများက ဆိုနေကြသည်။

ဘာတိုမြူက မက်ဆီမှာ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက် တမ်းရှိနေကြောင်း၊ သဘောတူညီမှုစာချုပ်အရ မက်ဆီမှာ တစ်နှစ်စော၍ အသင်းမှထွက်ခွာခွင့်ပိုင်ဆိုင်ထား ကြောင်း၊ အာဂျင်တီးနားတိုက်စစ်မှူးမှာ အနာဂတ်နှင့်ပတ်သက်၍ လွတ်လပ်စွာဆုံးဖြတ်ခွင့်ရရှိထားကြောင်း၊ ဇာဗီး၊ အင်နီယေ စတာနှင့် ပူယိုးလ်တို့မှာလည်း အသက်အရွယ်ရလာသည့် အချိန် မက်ဆီ၏စာချုပ်ကဲ့သို့ အနာဂတ်ကို လွတ်လပ် စွာဆုံးဖြတ်ခွင့်ရခဲ့ကြောင်း၊ မက်ဆီအနေဖြင့် အသင်း၌ နှစ်ပေါင်းများစွာဆက်နေရန် သံသယမရှိဟုဆိုခဲ့သည်။

ဆက်လက်၍ ဘာတိုမြူက တိုက်စစ်မှူးဟောင်းဖြစ် ခဲ့သောနေမာမှာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်၌ အသင်းသို့ရောက်လာမည်မဟုတ်ကြောင်း အသိပေးခဲ့ သည်။ နေမာသည် နွေဈေးကွက်၌ ဘာစီလိုနာသို့ပြန်လာ ချင်ခဲ့သော်လည်း မရောက်နိုင်ခဲ့ပေ။



ဖတ်ရှုမှုအများဆုံး