အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်၊ ဆက်တိုက်တွေ့ဆုံဆွေးနွေးမှု ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ရောင်နီဦးပင်ဖြစ်ကြောင်း ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်း သုံးသပ်

အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်၊ ဆက်တိုက်တွေ့ဆုံဆွေးနွေးမှု ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ရောင်နီဦးပင်ဖြစ်ကြောင်း ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်း သုံးသပ်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အလွတ်သဘောတွေ့ဆုံမှုများ ဆက်တိုက်ပြုလုပ်လာခဲ့ ခြင်းသည် ငြိမ်းချမ်းရေးအတွက် ရောင်နီဦးပင်ဖြစ်ကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကိုလက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း က စက်တင်ဘာ ၈ ရက်က သုံးသပ်ပြောဆိုခဲ့သည်။

"အင်န်စီအေလက်မှတ်ရေးထိုးထားတဲ့ EAO (၁၀)ဖွဲ့ရဲ့ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နဲ့အစိုးရညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့ဟာ လာမယ့်စက်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ ပစ်ခတ်တိုက်ခိုက်ရပ်စဲမှု ခိုင်မာရေးနဲ့ အခြားအရေးပါတဲ့အကြောင်း အရာတွေကို ဆွေးနွေးဖို့ရှိပါတယ်။ အဲဒီဆွေးနွေးပွဲအတွက် EAO (၁၀)ဖွဲ့ရဲ့ ညှိနှိုင်းဆွေးနွေး ရေးအဖွဲ့ဟာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းအစည်းအဝေးကို စက်တင်ဘာ ၇ ရက်၊ ၈ ရက်နဲ့ ၉ ရက်တွေမှာ ကျင်းပနေတာလည်းတွေ့ရတော့ ဒါဟာလည်း ငြိမ်းချမ်းရေးအတွက် ရောင်နီ ဦးပဲဖြစ်ပါတယ်"ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

ဆွေးနွေးနိုင်ခဲ့

ယခုလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်တိုက်ဖြစ်ပေါ်လာရန်ရှိပြီး စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးတို့တွေ့ဆုံခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များအတွက် ဆွေးနွေးနိုင်ခဲ့သည်။

စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင်လည်း အစိုးရနှင့် အင်န်စီအေလက်မှတ် ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ညှိနှိုင်းရေးအဖွဲ့တို့ ရန်ကုန်မြို့ တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကာ တရားဝင်ငြိမ်းချမ်းရေးလမ်းကြောင်း ပြန်ပွင့်ရေးအတွက် အလားအလာရှိသောဆွေးနွေးပွဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင်လည်း အစိုးရ၊ တပ်မတော်နှင့် မြောက် ပိုင်းမဟာမိတ်လေးဖွဲ့တို့ ပဏာမအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရေး၊ ထိုမှတစ်ဆင့် အင်န်စီအေလက်မှတ်ရေးထိုးနိုင်ရေးတို့အတွက် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး