စပိန်အသင်း ယူရိုခြေစစ်ပွဲ နိုင်ပွဲဆက်၊ စံချိန်တစ်ခု ရာမို့စ်လိုက်မီ

စပိန်အသင်း ယူရိုခြေစစ်ပွဲ နိုင်ပွဲဆက်၊ စံချိန်တစ်ခု ရာမို့စ်လိုက်မီ

စပိန်လက်ရွေးစင်အသင်းသည် စက်တင် ဘာ ၉ ရက်က ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ဥရောပအသင်းငယ် ဖာရိုးကျွန်းစုအား လက်ခံ ကစားခဲ့ရာ လေးဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ယူရိုခြေစစ်ပွဲ ခြောက်ပွဲဆက်တိုက် အနိုင်ရခဲ့သည်။

စပိန်နှင့် ဖာရိုးကျွန်းစုတို့၏ပွဲကို ဂီဂျွန်  ကွင်းတွင် ကစားခဲ့ခြင်းဖြစ်ပြီး ပရိသတ် ၂၀ဝ၀ဝ ကျော် အားပေးခဲ့ကြသည်။ စပိန်သည် ပထမ ပိုင်းတွင် ရိုဒရီဂို၏ဂိုးဖြင့်သာ တစ်ဂိုးဂိုးမရှိ ဦးဆောင်နေခဲ့သည်။ ရိုဒရီဂိုသည် ပွဲချိန်မိနစ် ၅၀ တွင် အသင်းအတွက် ဒုတိယဂိုးသွင်းပေး ခဲ့သည်။ စပိန်အသင်းသည် ပွဲပြီးခါနီးအချိန် ဂိုးများထပ်ရခဲ့ပြီး တိုက်စစ်မှူးအယ်ကာဆာက ပွဲချိန် ၈၉ မိနစ်နှင့် ပွဲပြီးလုချိန်၌ ဂိုးသွင်းပေး ခဲ့၍ လေးဂိုးပြတ်အနိုင်ရခဲ့သည်။

စပိန်အသင်းသည် တစ်ပွဲလုံးတွင် ဂိုးပေါက် ခြိမ်းခြောက်မှု အကြိမ် ၃၀ အထိရခဲ့ပြီး ဖာရိုး ကျွန်းစုပိတ်ဆို့ကစားခဲ့၍ ယခုထက်ပိုဂိုးမပြတ် ခဲ့ပေ။ စပိန်သည် ယူရို ၂၀၂၀ ခြေစစ်ပွဲ ခြောက်ပွဲဆက်တိုက်အနိုင်ရကာ ၁၇ ဂိုးသွင်း ယူထားပြီး သုံးဂိုးသာ ပေးထားရသည်။ စပိန် ပါဝင်သောအုပ်စုတွင် ဆွီဒင်အသင်းမှာ သုံးပွဲ နိုင် နှစ်ပွဲသရေ တစ်ပွဲရှုံးဖြင့် အုပ်စုဒုတိယ နေရာ၌ ရပ်တည်နေသည်။

ဖာရိုးကျွန်းစုပွဲ၌ ပါဝင်ကစားခဲ့သော ဝါရင့်နောက်ခံလူ ရာမို့စ်သည် လက်ရွေးစင် အသင်းအတွက် စံချိန်တစ်ခုလိုက်မီခဲ့သည်။ စပိန်အသင်းခေါင်းဆောင်လည်းဖြစ်သူ ရာမို့စ် သည် ဖာရိုးကျွန်းစုပွဲကို လက်ရွေးစင်ကစား သမားဘဝ ၁၆၇ ပွဲမြောက်အဖြစ် ကစားနိုင်ခဲ့ ၍ ပွဲအများဆုံးကစားထားသော ဂိုးသမား ကာဆီးလက်စ်၏စံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။

ကာဆီးလက်စ်က ရာမို့စ်အနေဖြင့် ပွဲများစွာ ထပ်မံကစားနိုင်ရန် မျှော်လင့်ထား ကြောင်း တွစ်တာ၌ရေးသားကာ ချီးကျူးခဲ့သည်။ ရာမို့စ်က ပွဲ ၂၀ဝ အထိရောက်အောင် ကစား ရန်ရည်မှန်းထားဟု ပြောကြားခဲ့သည်။ ရာမို့စ် သည် စပိန်အသင်း ဂိုးသွင်းအများဆုံး ၁၀ ဦး စာရင်းတွင်ပါဝင်ကာ ၂၁ ဂိုးသွင်းထားသည်။ ရာမို့စ်သည် နိုင်ငံတကာဂိုးအများဆုံး နောက်ခံ လူ အာဂျင်တီးနားသား အယ်ဘာတို၏စံချိန်ကို လိုက်မီရန် တစ်ဂိုးလိုအပ်နေသည်။



ဖတ်ရှုမှုအများဆုံး