မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တစ်ဖက်သတ်အပစ်အခတ်ရပ်ဆိုင်းကြောင်း ထုတ်ပြန်

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တစ်ဖက်သတ်အပစ်အခတ်ရပ်ဆိုင်းကြောင်း ထုတ်ပြန်

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်၊ တအာင်းနှင့် ရခိုင်အဖွဲ့တို့သည် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် တစ်လအကြာ တစ်ဖက် သတ်အပစ်အခတ်ရပ်ဆိုင်းကြောင်း စက်တင်ဘာ ၉ ရက်နေ့စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

လွန်ခဲ့သည့် သြဂုတ်လလယ်က စစ်အေးကာလဖြတ်သန်းနေသော မြောက် ပိုင်းဒေသတွင် ပြင်ဦးလွင်နှင့် နောင်ချိုမြို့များရှိ နေရာငါးခုကို ထိုးစစ်ဆင် တိုက်ခိုက်မှုများကျူးလွန်ခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့သည် တရုတ်အစိုးရက ကူမင်းမြို့သို့ ဆင့်ခေါ်ဖိအားပေးပြီးနောက် သီတင်းနှစ်ပတ်အကြာတွင် ယခုထုတ် ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တုံ့ပြန်သွားမည်

ထုတ်ပြန်ချက်တွင် ပြည်တွင်းစစ်ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေး ရေးလုပ်ငန်းများ လက်တွေ့ကျကျဆောင်ရွက်နိုင်ရန် စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၈ ရက်အထိ တစ်လတာ တစ်ဖက်သတ်အပစ် အခတ်ရပ်ဆိုင်းကြောင်း ကြေညာချက်ထုတ်ပြန်သည့်ကာလအတွင်း မြန်မာ့တပ်မတော်အား ၎င်းတို့အနေဖြင့် လက်ဦးမှုယူ၍ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမပြုလုပ်ကြောင်း၊ သို့သော်လည်း တပ်မတော်က ၎င်းတို့ အား စတင်တိုက်ခိုက်ခြင်း၊ စစ်ဆင်ရေးနှင့် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်လေ ယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်မည်ဆိုပါက ခုခံကာကွယ်သော အနေအထားမျိုးဖြင့် တုံ့ပြန်သွားမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာ ၃ ရက်အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စု လမ်းမပေါ်၌ ကားမီးရှို့မှုများဖြစ်ပွားခဲ့သော်လည်း ကျိုင်းတုံဆွေးနွေးပွဲ အပြီး မြောက်ပိုင်းဒေသတွင် တိုက်ပွဲများ သိသိသာသာ လျော့ကျလာခဲ့သည်။

အကျိုးဆက်

အဆိုပါဆွေးနွေးပွဲမှာ ဟန်ပြဆွေးနွေးပွဲဟု ဝေဖန်ခံခဲ့ရသည့် သြဂုတ် ၃၁ ရက် ကျိုင်းတုံဆွေးနွေးပွဲအကျိုးဆက်ဖြစ်သည်ဟု နိုင်ငံ တော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မြန်မာတိုင်းမ်နေ့ စဉ်သို့ ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး